Monday, July 13, 2015

ကယားပြည်နယ်အတွင်း ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်


လွိုင်ကော် ဇူလိုင် ၁၂
ကယားပြည်နယ်အတွင်း ရွှေ့ပြောင်း တောင်ယာစနစ်မှ အတည်တကျလုပ်ကိုင် ဆောင်ရွက်နိုင်သော လှေကား ထစ်လယ်ယာ မြေစနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်စေရန်နှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ ရာသီသီးနှံ၊ နှစ်ရှည်သီးနှံပင်များ တိုးချဲ့စိုက်ပျိုးပြီး ဝင်ငွေတိုးကာ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ကယား ပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူ လာရွာသစ်ကျေးရွာအုပ်စုတွင် ကုန်း မြင့်လယ်ယာမြေ ၁ဝဝ ဧကအား ဖော် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။


ကုန်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ်ယာဦးစီးဌာန၊ အထက်မြန်မာပြည် လယ်ယာမြေ ဖော်ထုတ်ရေးရုံး (နေပြည်တော်)မှ တာဝန်ယူ၍ မေလဒုတိယ အပတ်မှ စတင်ကာ စက်ယန္တရားကြီးများဖြင့် ဖော်ထုတ်ပေးလျက်ရှိပြီး ယခုအခါ ၅ဝဝ ဧကခန့် ဖော်ထုတ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment