Monday, July 20, 2015

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဗီယက်နမ်အသံတို့အကြား ရုပ်သံလွှင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး




နေပြည်တော် ဇူလိုင်  ၂၀
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဗီယက်နမ် အသံတို့အကြား ရုပ်သံလွှင့်ကဏ္ဍ ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ ရတနာ သိင်္ဃဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေနှင့် ဗီယက်နမ် အသံမှ ဒုတိယဥက္ကဋ္ဌ Mr. Vu Hai တို့က မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံရုပ်သံလွှင့် ပူးပေါင်း ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည် နှင့် ဗီယက်နမ်အသံမှ ဒုတိယဥက္ကဋ္ဌ Mr. Vu Hai တို့က နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြ သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့် ဗီယက်နမ်အသံတို့မှ တာဝန်ရှိသူ များက နှစ်နိုင်ငံ ရုပ်သံလွှင့်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ဗီယက်နမ်အသံနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့အကြား ပထမဦးဆုံး ပူးပေါင်း ဆောင်ရွက်မှုကို ၁၉၉၉ ခုနှစ်က စတင်ခဲ့ကြောင်း သိရသည်။ ယခုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံ ရုပ်သံလွှင့်ဆိုင်ရာ နည်းပညာများ အပြန်အလှန် ဖလှယ်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အာဆီယံပြန်ကြားရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့ နှစ်နိုင်ငံတိုးမြှင့်ဆောင် ရွက်နိုင်ခြင်းကြောင့် နှစ်နိုင်ငံ ရုပ်သံလွှင့်နည်းပညာကဏ္ဍများ တိုးတက်မှုရှိလာမည်ဖြစ် ကာ သတင်းအချက် အလက်များ ဖလှယ်ခြင်းကို ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက် လာ နိုင်မည်ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံရုပ်သံများ မှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ရိုးရာယဉ်ကျေးမှု၊ အစားအသောက်နှင့် လူနေမှုဘ၀ များကို အပြန်အလှန် လေ့လာနိုင်မည်ဖြစ် သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်လာ မည်ဖြစ်ပြီး အာဆီယံ၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် people to people connectivity ကို ဖော် ဆောင်နိုင် မည်ကြောင်း သိရသည်။

No comments:

Post a Comment