Thursday, July 9, 2015

တိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ မျှော်မှန်းပြီး အခြေခံကောင်းတွေ တည်ဆောက်သွားဖို့ ကျွန်တော့် အနေနဲ့ သန္နိဋ္ဌာန်ချထား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း မိဘပြည်သူများခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေ အနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တစ်ဆင့် ပြောကြားနေကျဖြစ်တဲ့ အတိုင်း ဇွန်လ အတွင်း မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ နိုင်ငံရေး လိုအပ် ချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အစိုးရအဖွဲ့တာဝန်ယူချိန်ကစပြီး ငြိမ်းချမ်းရေး ဆွေးနွေး မှုဖြစ်စဉ် တစ်လျှောက် မှာလည်း အပြန်အလှန်လေးစားမှု၊ တန်းတူရည်တူရှိမှုနဲ့ ငြိမ်းချမ်းရေးရရှိရေး ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်များကို ကြိုးစားတည်ဆောက်ခဲ့ကြတာပါ။
ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ယခင်က မရခဲ့ဘူးသေးတဲ့ အောင်မြင်မှုနှစ်ခုကိုလည်း ရရှိခဲ့ပါတယ်။ ဒါတွေကတော့ လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးပြဿနာများဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာဆွေးနွေးဖို့နဲ့ တိုင်းရင်းသားများရဲ့ တန်းတူရည်တူရှိမှုအတွက် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ဝိုင်းဝန်းတည်ဆောက်ရေး ဆိုတဲ့ နိုင်ငံရေး အခြေခံမူနှစ်ခုပဲ ဖြစ်ပါတယ်။ အစိုးရကိုယ်စား လှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များဟာ အကြိမ်ပေါင်းများစွာ၊ အကျေအလည်ဆွေးနွေးပြီး ဒီသဘောတူညီချက်များကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အခုနောက်ဆုံးရရှိထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (မူကြမ်း)ဟာ အထက်ပါ ရရှိပြီး ဖြစ်တဲ့ အောင်မြင်မှုတို့ကို ခိုင်မြဲအောင် အထောက်အကူပြုမှုဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ဒီအဆင့်ထိ တက်လှမ်းလာနိုင်အောင် ကြိုးပမ်းပေးခဲ့ ကြတဲ့ ခေါင်းဆောင်အသီးသီးရဲ့ နိုင်ငံရေးစေတနာကို လေးစားတဲ့အတွက် ဒီ NCA စာချုပ်ကို ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်း ချမ်းရေးဖြစ်စဉ် ဟာ အခုအချိန်ထိ အခြေအနေကောင်းများရှိနေသေးတယ်လို့လည်း အလေး အနက်ယုံကြည်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ဖွဲ့စည်းပုံတစ်ရပ်ဟာ ခေတ်ကာလနဲ့ အညီ၊ နိုင်ငံရေးဖြစ် ထွန်း မှုများနဲ့အညီ အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွားရမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တစ် ဆင့်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စရပ်တွေပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အခုလို ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ဖို့ စတင်ကြိုး ပမ်း ခြင်းသည် သာပင်လျှင် ကျွန်တော်တို့နိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံရေးအရွေ့ တစ်ခုလို့ ကျွန်တော့် အနေနဲ့ ပြောကြားလိုပါတယ်။
ငြင်းခုံမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာသော်လည်းပဲ ဒီမိုကရေစီစနစ်ရဲ့ ဖြစ်စဉ်တစ်ခုသာဖြစ်တဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုကို တစ်စုံတစ်ရာ ထိခိုက် မှာမဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ နိုင်ငံရေး ပါတီများအနေနဲ့ ကလည်း ရွေးကောက်ပွဲ နည်းလမ်းကသာလျှင် အဖြေမှန်ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးရပ်တည် ချက်ကို ဖော်ထုတ်ပြောကြားခဲ့ပြီးဖြစ် ပါတယ်။ အခုလို လက်တွေ့ကျတဲ့ နိုင်ငံရေးရွေးချယ်မှုတွေနဲ့ အတူ ပြည်သူတွေကို လမ်းပြပေးတဲ့ နိုင်ငံရေးခေါင်းဆောင် များရဲ့ အမြော် အမြင်ကြီးမား မှုတွေက နိုင်ငံရေးတည်ငြိမ် မှုကို ဆောင်ကြဉ်းပေးနိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော အရပ်သားအစိုးရ တာဝန်ကို ယူရတဲ့အချိန်မှာ ကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ များမှာ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများအဖြစ် ကျင်းပ နိုင်စေဖို့ အကောင်း ဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ကတိပြု အပ်ပါတယ်။
(၆)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား၊ မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေးကို နေပြည်တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံများအကြား အဓိက ကျတဲ့ စီးပွားရေးကဏ္ဍတွေ နဲ့ လူမှုဖူလုံရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဇွန်လအကုန်မှာလည်း ကျွန်တော်တို့လို အာရှတိုက်ရဲ့ မိသားစုဝင်ဖြစ်တဲ့ မွန်ဂို လီးယားနိုင်ငံကို သွားရောက်လည် ပတ်ပြီး နှစ်နိုင်ငံအကြား ပုံမှန်ရှိရင်းစွဲ သံတမန်ဆက်ဆံ ရေး ပိုမိုကောင်းမွန် စေရေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိတဲ့ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေ ဆက်လက် အသက်ဝင်ရှင်သန်နေစေရေးနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ် စဉ် အောင်မြင်မှုရရှိဖို့အတွက် ရရှိခဲ့တဲ့ အတွေ့အကြုံများ၊ သင်ခန်းစာများ ကို အခြေခံပြီး မြန်မာနိုင်ငံအနေနဲ့ အဘက်ဘက်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ တိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ မျှော်မှန်းပြီး အခြေခံ ကောင်းတွေ တည်ဆောက်သွားဖို့ ကျွန်တော့်အနေနဲ့ သန္နိဋ္ဌာန်ချထားကြောင်း ပြောကြား ရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြ ပါစေ။

No comments:

Post a Comment