နေပြည်တော် ဇူလိုင် ၁၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၆၃)နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို
ဇူလိုင်(၁၁)ရက် ညနေပိုင်းတွင် နေပြည်တော် ရုံးအမှတ်
(၅၅)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ၂ဝ၁၅ ခုနှစ်
ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ထူးချွန်ဆုများချီးမြှင့်ခြင်း၊
ဗဟိုဘဏ် ကိုယ်စား ဆုရအားကစား သမားများအား ဆုချီးမြှင့်ခြင်းနှင့် ရွှေကျေးလက်နှင့်
ဖွံ့ဖြိုးရေးဘဏ်လီမိတက်က Skynet ရုပ်သံကြည့်စက်အလုံး(၁ဝဝ) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတို့ကို
ဆောင်ရွက်ပြီး တက်ရောက်လာကြသူများအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာနိုက်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊
ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အငြိမ်းစား ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အရာရှိကြီးများ၊ နိုင်ငံခြားဘဏ်များ၊
ကိုယ်စားလှယ် ရုံးခွဲများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင်
တက္ကသိုလ် ဝင်တန်းစာမေးပွဲ၌ ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူ
ဧည့်သည်တော်များ တက်ရောက်ကြသည်။


No comments:
Post a Comment