Thursday, March 12, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ UNDP အကြီးအကဲနှင့် ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော် မတ် ၁၂
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ UNDP အကြီးအကဲ Rt. Hon. Helen Clark နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီ အစဉ် အမှုဆောင် ညွှန်ကြားရေးမှူး Ms. Ertharin Cousin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ()နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်ဒွဲဘူ၊ ဒေါ်နန်းနွံ၊ ဒေါ်နန်းစေအွာ၊ ဒေါ်ခင်စောဝေနှင့် ဒေါ်မိမြင့်သန်း၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment