နေပြည်တော် မတ် ၁၂
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
ဖိလစ်ပိုင်
သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာ ဖီဒယ် ဗီ ရာမို့စ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့် ကျော်၊ ဒေါက်တာစန်းလွင်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊ ဒေါ်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် မစ္စတာ ဖီဒယ် ဗီ ရာမို့စ် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E.Alex G.Chua လည်း တက်ရောက်သည်။
ထိုသို့တွေ့ဆုံစဉ် ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ အခြေခံကျန်းမာရေး လုပ်ငန်းများနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment