Thursday, March 12, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မလေးရှားနိုင်ငံကွာလာ လမ်ပူမြို့သို့ ရောက်ရှိ




ကွာလာလမ်ပူ  မတ် ၁၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည်  အဖွဲ့ဝင်များနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ ရောက်ရှိကြ သည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံနိုင်ငံခြားရေး ၀န်ကြီးနှင့် ဇနီး၊ ဝန်ကြီးရုံးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်မြင့်နှင့်ဇနီး၊ စစ်သံမှူးနှင့်ဇနီး၊ သံရုံးမိသားစုများက ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Grand Hyatt  ဟိုတယ် သို့ ရောက်ရှိကြသည်။

No comments:

Post a Comment