မန္တလေး မတ် ၁၉
အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှ နာရီပေါင်း ၁၅ နာရီကျော် မောင်းနှင်လာသည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse-2 သည် မြန်မာနိုင်ငံ ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် မန္တလာမြေ၌ ခရီးတစ်ထောက် ခိုနားရန် မတ် ၁၉ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် စတင်ရောက်ရှိပြီး မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ည ၈ နာရီခွဲတွင် ရောက်ရှိရပ်နားသည်။
အဆိုပါ ဆိုလာလေယာဉ်မှ လေယာဉ်မှူး ဘာထရန်ပစ်ကဒ်နှင့် အန်ဒရီဘော့ခ်ျ ဘတ်ဂ်တို့အား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ဒုတိယဝန်ကြီး ဦးဇင်ယော်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးတို့က ခရီးဦးကြိုဆိုကြ ပြီးတိုင်းရင်းသား တိုင်းရင်းသူလေးများ၊ ဘင်ခရာနှင့် ပန်းဖွားအက၊ ရိုးရာဆင်အက၊ အိုးစည်ဒိုးပတ်အက များနှင့် သတင်းမီဒီယာများက ကြိုဆို ကြသည်။
ယင်းနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိ ယာယီစခန်း၌ ညစာစားပွဲကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ ဒုတိယဝန်ကြီး ဦးဇင်ယော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ် ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:
Post a Comment