ဦးကျင်စီ
နိုင်ငံတော်ကပြဋ္ဌာန်းပြီးတဲ့ အမျိုးသားပညာရေးဥပဒေရဲ့
ခေါင်းစဉ်ကိုက ပင် တစ်နိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားရဲ့ ရေ ရှည်ဖွံ့ဖြိုးမှုကို
လွှမ်းခြုံနိုင် စွမ်းရှိပါတယ်။ သူ့အခန်းနှင့် သူ့ကဏ္ဍအလိုက် အမျိုးသားရေးအသွင်ကို ဖော်ဆောင်သည့် အနှစ်သာရပေါ်လွင်နေရမည်။
လူတိုင်းအကျုံးဝင်ပညာရေး (Education for All) ဆိုတဲ့ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ထောင် စုနှစ်ရည်မှန်း
ချက်များ ကိုပါ အကောင်အထည်ဖော်နိုင်ရန်ပါဝင်ပါတယ်။ ထိုအထဲတွင် အမျိုးသား ပညာရေးကို
တာဝန်ယူဖော်ဆောင်မည့်သူ (သို့) အဖွဲ့အစည်းလည်း ပါဝင် ပေသည်။ တကယ်တမ်းတွင် အိမ်ထောင်ဦးစီးမရှိတဲ့မိသားစု၊
အစိုးရမရှိတဲ့ နိုင်ငံနှင့် လူ့အဖွဲ့အစည်း၊ ဥပဒေမဲ့တဲ့တိုင်းပြည်ဟာ ဦးနင်းပဲ့ထောင်၊
ပဲ့နင်း ဦးထောင်ဖြစ်ပြီး မတည်ငြိမ်တဲ့ဘဝမှာ သာကျင်လည်နေပြီး ဖွံ့ဖြိုးရန်အဆင့် ဆီမရောက်နိုင်ပါ။
အိမ်ထောင်ဦးစီးတို့ နိုင်ငံ့အစိုးရတို့ဆိုသူဟာ မိမိရဲ့ အိမ်ထောင်စုနိုင်ငံ ရဲ့လူ့အဖွဲ့အစည်းဟာ
စည်းကမ်းကျနစွာ ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်း ပျော်ရွှင်ဖို့အတွက် ရှေ့ဆောင်ဖို့၊ တည့်မတ်ဖို့၊
ကာကွယ်ဖို့အတွက်ပါ၊ ချုပ်ချယ် ရန်၊ မိသားစုနှင့် နိုင်ငံကို နိမ့်ကျသွားစေရန်အတွက်
မဟုတ်ပါ၊ အဲဒီသဘော လိုပါပဲ။
ယခုတည်ဆဲအမျိုးသားပညာရေးဥပဒေ အခန်း(၄)ပါ
''အမျိုးသား ပညာရေးကော်မရှင်''သည် အကွပ်မဲ့ကြမ်းပရမ်းပတာ ပညာရေးမျိုးမဖြစ်စေရန် ဦးဆောင်တည့်မတ်
ပြုပြင်ပေးသည့်အလုပ်ကို ဆောင်ရွက်ရန်အတွက်ပါ။ တည်ဆဲဥပဒေပါ ကော်မရှင် ကဲ့သို့ အဖွဲ့အစည်းမျိုး
ဒေသတွင်းနိုင်ငံများဖြစ် သည့် ထိုင်းနိုင်ငံရဲ့ ''အမျိုးသားပညာရေးအက်ဥပဒေ (၁၉၉၉)''
နှင့် ''မလေးရှားနိုင်ငံ ပညာရေးအက်ဥပဒေ (၁၉၉၆)''များတွင်လည်း ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။
လေ့လာလျှင် တည်ဆဲဥပဒေပါ အမျိုးသားကော်မ ရှင်ရဲ့ လုပ်ငန်းတွေနှင့်အတူတူပါ။ ယခုကော်မရှင်ဟာ
ထိန်းချုပ်တာ၊ ချုပ်ကိုင်တာ လုံးဝမပါဘူးဆိုတာကို ဂဃဏနလေ့လာ ထားတဲ့ ပြည်သူတွေနှင့် ဥပဒေပညာ
ရှင်များအသိဆုံးပါ။ သူ့ရဲ့တာဝန်တွေကို ကြည့်မယ်ဆိုရင်
(၁)အမျိုးသားပညာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း
တည်ဆဲအမျိုးသားပညာရေးဥပဒေ၏ ပုဒ်မ ၆ တွင်''(က)
အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ အခြေခံမူများ အကောင်အထည်ဖော်
ဆောင်ရွက်မှုကို လမ်းညွှန်ခြင်း''လို့ ဆိုထားပါတယ်။ ပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက်နေသူတွေကို
ယခုအမျိုးသားပညာ ရေးဥပဒေမှာ ဖော်ညွှန်းထားတဲ့အခြေခံမူများ၊ ရည်မှန်းချက် များအတိုင်း
အကောင်အထည်ဖော် မဖော်ကို ဘယ်သူက လမ်းညွှန်မှာလဲ၊ အကောင်အထည်ဖော်ရင်လည်း နည်းမှန်၊ လမ်းမှန်ကျမကျ
ဘယ်သူကြီးကြပ်မလဲ၊ အထိန်းအကွပ်မဲ့ ပညာရေးဖြစ်နေလျှင် အောင်မြင်တဲ့ဆီမရောက်ဖို့ သေချာပါ
သည်။ အဲဒီလို မဖြစ်စေဖို့ပါ။ နိုင်ငံရဲ့ ပညာရေးရည်မှန်းချက် များ၊ မူဝါဒများကို ကောင်းမွန်အောင်မြင်အောင်
တည့်မတ် ပေးသည့် အဖွဲ့အစည်းပါ။ အလုပ်လုပ်ရမည့်အဖွဲ့ပါ။ အုပ်ချုပ်တဲ့အာဏာမအပ်နှင်းထားပါ။
''(ဂ) ပညာရေးစနစ်နှင့် ပညာရေးဆိုင်ရာမူဝါဒများ၊
ပညာရေး ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် အကဲ ဖြတ်ခြင်း၊ သုံးသပ်ခြင်းနှင့်အကြံပြုခြင်း''ကို
ကြည့်ခြင်းဖြင့် ပညာရေးစီမံကိန်းတွေ အောင်မြင်/မမြင် ဘယ်သူအကဲ ဖြတ်မှာ လဲ၊ ယခင်က အကောင်အထည်ဖော်
ခဲ့တဲ့ စာရေး သူတို့နိုင်ငံရဲ့ ပညာရေးစီမံကိန်းတွေကို အကဲဖြတ်သူ (evaluator) သုံးသပ်တဲ့သူ
မရှိခဲ့ပါ။ နိုင်ငံတကာမှာ အကဲ ဖြတ်၊ စိစစ်သုံးသပ် တဲ့ အဖွဲ့တွေက စဉ်ဆက်မပြတ်အကဲဖြတ်ပြီး
လမ်းကြောင်း တည့် မတ်ပေးမှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီတော့ အမှားနည်းပြီး တိုးတက်မှုဆီ ဦးတည်ပါတယ်။
အဲဒီကောင်း မွန်တဲ့သဘောကို ကျင့်သုံးအကောင် အထည်ဖော်နိုင်စေရန် ''ကော်မရှင်'' ကို ဆောင်ရွက်ရန်
တာဝန်ပေးထားတာပါ။
(၂) မူဝါဒများသာချမှတ်နိုင်ခြင်းတည်ဆဲအမျိုးသားပညာရေးဥပဒေပုဒ်မ
(၆) ၏ ပုဒ်မခွဲများဖြစ်သည့်''(ဃ) အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရန်
မူဝါဒများချမှတ်ခြင်းနှင့်လမ်းညွှန်ခြင်း''လို့ ဆိုထားပါတယ်။ အရည်အသွေးဆိုင်ရာမူဝါဒ၊
စံချိန်စံညွှန်းမရှိဘဲနှင့် ''အရည် အသွေးအာမခံမှုကော်မတီ''က ဘယ်လိုအကောင်အထည်ဖော် မှာလဲ၊
အကောင်အထည်ဖော်ရင် လည်း စံချိန်၊ စံညွှန်းမီမမီ ဘယ်သူက တည့်မတ်လမ်းညွှန်မှာလဲ၊ သူလုပ်မလိုလို၊
ငါလုပ် မလိုလိုနှင့် သတ်သတ်မှတ်မှတ် တာဝန်ယူသည့် အဖွဲ့အစည်း (Focal Organization) မရှိလျှင်အကုန်လစ်ဟင်းပြီး
နောက်ဆုံး အိုးနင်းခွက်နင်းဖြစ် ကာ မြန်မာ့ပညာရေးရဲ့ အရည်အသွေးဟာ ဒုံရင်းထက် နိမ့်ကျတဲ့ဆီ
ထပ်ရောက်သွားမည့်အန္တရာယ်နှင့် ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါကို ကာကွယ်မည့်အဖွဲ့အစည်းပါ။
''(စ) ပညာရေးကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ငွေကြေးနှင့်
အထောက် အပံ့များ ရယူသုံးစွဲခြင်းအတွက် မူဝါဒများချ မှတ်ခြင်း''၊ နှောင်ကြိုး မဲ့ အကူအညီဆိုရင်
ပြဿနာမရှိပါ။ ငွေကြေးအထောက်အပံ့ပေးပြီး သူတို့ဝါဒ၊ ဘာသာရေးအတွက် အသုံးချရန်ဆိုရင် မခက်ပေဘူး
လား။ ဥပဒေဆိုတာ တိုင်းပြည်ရဲ့ရေရှည် အန္တရာယ်ဖြစ်လာမည့် ထောက်ပံ့မှုမျိုးကို ကာကွယ်ရပါ လိမ့်မယ်။
ပညာရေးကို ခုတုံးလုပ် တာ မခံရအောင်ပါ။ ယခုအချိန်မှာပဲ ဘယ်အဖွဲ့က နိုင်ငံရေး၊ လူမျိုးရေး၊
ဘာသာရေးတွေ ထောက် ပံ့နေတယ်ဆိုတာတွေ ကြားမဆုံးပါ။ တိုင်းပြည်အတွက် အန္တရာယ်ကင်း ကင်းဖြင့်
ဆောင်ရွက်နိုင် ရန်အတွက် စည်းကမ်း၊ စနစ်ကျစွာဖြင့် စိစစ်မှုပါ။ အဲဒီလို အန္တရာယ်မျိုးကို
ကာကွယ်ရန်အတွက် ဥပဒေပြုသူတွေမှာ အထူးတာဝန်ရှိပါတယ်။
''(ဆ) ပြည်တွင်းပြည်ပကျောင်းများ ဖွင့်လှစ်ခြင်း၊
ဖွင့်လှစ်ခွင့်ရပ်ဆိုင်း ခြင်းနှင့် ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း''
ပါ။ ယနေ့ အခြေအနေမှာ စာရေးသူတို့နိုင်ငံမှ ပုဂ္ဂလိကကျောင်းနှင့် ပတ်သက်သော မူဝါဒတိတိကျကျ
မရှိလို့ ''အကျိုးဆောင်လုပ်ငန်း''ဆိုပြီး ဖွင့်နေတဲ့ကျောင်းတွေ၊ ပြည်ပကျောင်းတွေမျိုးစုံပါ၊
ကျောင်းနေစရိတ် ဈေးတွေအဆမတန်တောင်း တာလည်းအသိ ပါ။ ဒါပေမယ့် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကမှ
မထိကြ၊ မကိုင်ကြ ပါ။ အဲဒီလိုသူတို့သဘောနှင့် သူတို့လုပ် တာတွေ၊ စည်း၊ ဘောင်မရှိ တာတွေ
ဘယ်သူထိန်းမလဲ၊ ထိန်းရန် အဖွဲ့အစည်းလိုပါသည်။ စည်းမဲ့ကမ်းမဲ့လွှတ် ထား၍မရပါ။ ယခုလို အဓိကတာဝန်ယူသည့်
အဖွဲ့အစည်း ရှိကိုရှိမှဖြစ်မှာပါ။ ဒါမဟုတ်ရင် အထိန်းအကွပ်မဲ့ ပရမ်းပတာ ပုဂ္ဂလိကကျောင်းတွေ၊
နိုင်ငံခြားကျောင်းခွဲတွေ၊ ဘာသာရေးကျောင်းတွေ မှိုလိုပေါ်ပေါက်လာပြီး များလာရင် မြန်မာ့ပညာရေး
ပျက်စီးတဲ့ဘဝရောက် သွားနိုင်တာမို့ ထိန်းသိမ်း တည့်မတ်ပေးမည့် အဖွဲ့အစည်းရှိရန် လိုအပ်သဖြင့်
တည်ဆဲ အမျိုးသားပညာရေးဥပဒေ အခန်း(၄)ကို ဖျက်ရန်မသင့်ပါ။
(၃) ညှိနှိုင်းပေါင်းစပ်ပေးခြင်း ထိုတည်ဆဲအမျိုးသားပညာရေးဥပဒေပုဒ်မ
(၆)၏ ပုဒ်မခွဲများဖြစ်သော
(င) ပညာရေးကဏ္ဍအတွက် အစိုးရအဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံမှ
ငွေကြေးနှင့် အထောက်အပံ့များရရှိရန် ညှိနှိုင်းဆောင် ရွက်ခြင်း၊
(ဇ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက
ပြုစုတင်ပြသော ပညာရေးဆိုင်ရာ ရေတိုရေရှည်စီမံကိန်းများ နှင့်စပ်လျဉ်း၍ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ဟာ
ပြည်ထောင်စု အဆင့်၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များကို ညှိနှိုင်းပေါင်းစပ်ပေး သည့် တတိယအဖွဲ့
(Third Party) တာဝန်ကို ယူထားတာပါ။ မည်သည့်အာဏာမှမရှိကြောင်း တွေ့ရပါလိမ့်မယ်။
(၄) ဗဟိုချုပ်ကိုင်သည့်အဖွဲ့အစည်းမဟုတ်ပါတည်ဆဲအမျိုးသားပညာရေးဥပဒေ
ပုဒ်မ (၇)တွင် ''ကော်မရှင်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ၏ လွတ်လပ်သော
ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များတွင်သာ ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းဖြင့်
ယင်းတို့၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုရမည်'' ဟု ဆိုထားပါတယ်။ မကြာမီအချိန်တွင်
တက္ကသိုလ်အားလုံး ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရလာပါလိမ့်မယ်။ ထိုအခါကော်မရှင်က ကူညီရန်ပါ။
တက္ကသိုလ်စီမံခန့်ခွဲရေးကို ဝင်ရောက်စွက်ဖက်ရန်မရှိပါ။ ဗဟိုချုပ်ကိုင်အုပ်ချုပ် သည့်
အဖွဲ့အစည်း မဟုတ်ကြောင်း ထင်ရှားပါသည်။ ယခင်က ဗဟိုချုပ်ကိုင်မှု ရှိခဲ့သော ''မြန်မာနိုင်ငံပညာရေးကော်မတီ''ဟု
အထင်မှား အမြင်မှားကို နိုင်ငံရဲ့ရေရှည် အကျိုးအတွက် ဇွတ်မှိတ်ပြီး ဆက်မငြင်းသင့်တော့ပါ။
ကော်မရှင် ဟာ ပညာရေးရဲ့အိမ်ထောင်ဦးစီးသဖွယ် ''တည့်မတ်ပြုပြင် ဖြည့် ဆည်းပေးကာ မြန်မာ့ပညာရေးကို
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ ကူညီပံ့ပိုးပေးမည့် အဖွဲ့အစည်းတစ်ခုမျှသာ''ဖြစ်ကြောင်း
ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ အဲဒီလို စနစ်တကျစီမံခန့်ခွဲသည့် အမျိုးသားပညာရေး
ကော်မရှင်ကို ပြင်ဆင်သည့်ဥပဒေကြမ်းပုဒ်မ ၂၂ တွင်ပယ်ဖျက်၍အခြားကဏ္ဍဖြင့် အစားထိုးလိုက်ခြင်း ဟာ
မြန်မာ့ပညာရေးကို အကွပ်မဲ့ကြမ်းဘဝဆီ တွန်းပို့နေတာပါ။ ပညာရေးပရမ်းပတာ ဖြစ်အောင် ဆောင်ရွက်နေခြင်းဟာ
အဲဒီပညာရေးကြောင့် ကြီးပြင်းလာမည့် လူငယ်များဖြင့် ဖွဲ့စည်းထားသော အနာဂတ်မြန်မာ့လူ့ဘောင်ကို
မင်းမဲ့စရိုက်ဆီ တွန်းပို့နေတဲ့ ''အရှိန်ပြင်းတွန်း အား''လို့ စာရေးသူမြင်မိပါတယ်။
အားလုံးကို ချုပ်လျှင် တည်ဆဲအမျိုးသားပညာရေးဥပဒေအခန်း
(၄) မှာပါတဲ့ ''အမျိုးသားပညာရေးကော်မရှင်'' ဆိုတာ ယခုတည်ဆဲ အမျိုးသား ပညာရေးဥပဒေကို
အောင်အောင်မြင်မြင် ရှေ့ဆောင်အကောင်အထည်ဖော် မည့် အဖွဲ့အစည်းပါ။ မလေးရှားနှင့်ထိုင်းနိုင်ငံ မှာလည်း
ရှိပြီးသားအဖွဲ့ အစည်းဟု အစမှာဖော်ပြပြီးပါပြီ။ ဒါကို အစိုးရနှင့် လွှတ်တော်ဆိုတဲ့ ပြည်သူ့
ကိုယ်စားပြုအဖွဲ့ အစည်းများက ပညာရှင်များ၊ လူထုလူတန်းစားအဖွဲ့အစည်း အစုံက အကြိမ်ကြိမ်တရားဝင်ညှိနှိုင်းပြီး
မြန်မာ့ပညာရေးစည်းစနစ်တကျ ဖွံ့ဖြိုးရန်ရည်သန်ပြီး ထည့်သွင်းရေးဆွဲထား တာပါ။ ရေရှည်ဖွံ့ဖြိုးမှုကို
တည့်မတ်၊ ထိန်းသိမ်း၊ အကောင်အထည်ဖော်ပေးမည့် အမျိုးသားပညာရေး ကော်မရှင်ကို ပြည်သူများနှင့်
နိုင်ငံတစ်ဝန်းလုံးရှိကျောင်းသားများရဲ့ တရား ဝင်ကိုယ်စားပြု မပြု မသေချာတဲ့ လူတစ်စုက
စေ့ငှသေချာစွာ မလေ့လာ ဘဲ ဗဟိုချုပ်ကိုင်တဲ့အဖွဲ့အစည်းဆိုပြီး ဖြုတ်ပစ်လိုက်တာတော့ ဘယ်လိုမှ
မဖြစ်သင့်ကြောင်းပါ။ ပြီးတော့လည်း ဒီမိုကရေစီပညာရေးဦးဆောင် ကော်မတီမှတစ်ဦးမျှ ပါဝင်ဆွေးနွေးခြင်းမရှိ။
(တစ်ဦးသာလက်မှတ်ရေးထိုးပေ မယ့် ထို ၁၄-၂-၂ဝ၁၅ နေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကျောင်းသားတစ်ဦး
မျှ ဥပဒေအကြောင်းကို မဆွေးနွေးခဲ့ကြပါလို့ လေးပွင့်ဆိုင်မှာ ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။)
NNER မှ နှစ်ဦးသာ ရေးဆွဲထား သည့်ခေတ် အကြိုက် စကားလုံးများ (ခေတ်ကြိုက်မှန်သမျှဟာ ရေရှည်ဖွံ့ဖြိုးမှုကို
မစွမ်းဆောင်နိုင် တာ သမိုင်း သက်သေပါ) ဖြစ်သော ''ဒီမိုကရေစီပညာရေး လွတ်လပ်ခွင့်ကို အာမခံခြင်း''
(ထိုခေါင်းစဉ်မျိုးဖြင့်ဥပဒေမှာ အခန်းတစ်ခန်းပြ ဋ္ဌာန်းထားတာ မျိုးကို ဘယ်နိုင်ငံရဲ့ ပညာရေးဥပဒေမှာ
ပါရှိခြင်း မရှိကြောင်းပါ) ဆိုတဲ့ လွတ်လပ်မှုလွန်ကဲခြင်း အပိုဒ်ကို အစားထိုးထားတာတော့
မဖြစ်သင့်ကြောင်း ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းရင်းသားမိဘပြည် သူများ၊
ဥပဒေပညာရှင်များ၊ ဆရာများအား အကြံပြုလိုက်ပါတယ်။ အကွပ်မဲ့ကြမ်း ပရမ်းပတာပညာရေးမျိုးကင်းပြီး
စီမံခန့်ခွဲရေးကောင်း မွန်သော ပညာရေးကို ဦးတည်သည့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းပေးကြပါဟု
မေတ္တာရပ်ခံအပ်ပါသည်။ ။
မှတ်ချက်။ ။
National Network for Education Reform
(NNER) နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့မှ ကိုယ်စားလှယ်များ
ကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ လက်မှတ်ရေးထိုး
တင်သွင်းထားသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးမှ
သုံးသပ်ရေးသား သည့် ဆောင်းပါးများအနက် သတင်းနှင့်စာနယ် ဇင်းလုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ
စံနှုန်းများနှင့်ကိုက် ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များ သည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင်သုံးသပ်ချက်
များသာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အယူအဆမဟုတ်ပါ။ အမျိုးသားပညာရေးဥပဒေကို
စိတ်ဝင်စားသူများ အနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်း
လုပ်ငန်း၏ မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။
No comments:
Post a Comment