အခြားသော လောင်စာဆီ မသုံးဘဲ သဘာဝ နေရောင်ခြည်မှ
ရရှိသည့် စွမ်းအင်ကိုသာ အသုံးပြုသည့် ကမ္ဘာ့ ပထမဆုံး နေရောင် ခြည်စွမ်းအင်သုံး လေယာဉ်
Solar Impulse-2သည် အရှေ့တောင် အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းကိုသာ
ဆင်းသက်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများ အထူးစိတ် ဝင်စားလျက
်ရှိကြသည်။ ထို့ကြောင် Solar Impulse-2လေယာဉ်နှင့် စပ်လျဉ်းပြီး မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တွေ့ ဆုံမေး မြန်းနိုင်ခဲ့သမျှကို ပြန်လည်ရေးသား တင်ပြလိုက်ပါသည်။
မေး ။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်
Solar Impulse-2 မြန်မာနိုင်ငံ မန္တလေးမြို့ကို ဆင်းသက်ဖို့ဖြစ်ပေါ်လာတဲ့ အ ကြောင်းရင်းကို
သိလိုပါတယ်။
ဖြေ ။ ကျွန်တော် လေ့လာရ သလောက်ကတော့ နိုင်ငံတော်
သမ္မတကြီး အနေနဲ့ ဆွစ်ဇာလန် ကို သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ လကပါ။
အဲဒီ မှာ ဆိုလာလေယာဉ်တွေ ကြည့် တယ်ဆိုတဲ့သတင်းတွေ ကြားလိုက် ရတယ်။ ဆိုလာလေယာဉ်ကုမ္ပဏီရဲ့
အမှုဆောင်အရာရှိချုပ်က ကျွန်တော် တို့ မြန်မာနိုင်ငံကို အလည်လာ တယ်။ မန္တလေးမှာလည်း ကျွန်တော်
လက်ခံတွေ့ဆုံခဲ့တယ်။ သူက ဆိုလာ လေယာဉ်တွေအကြောင်း၊ နေရောင် ခြည်စွမ်းအင်သုံးကိစ္စတွေ
ပြောပြ တယ်။ သူတို့အနေနဲ့ ဆိုလာလေ ယာဉ်ကမ္ဘာတစ်ပတ် ပတ်ဖို့ရှိတယ်။ အဲဒီမှာ မြန်မာနိုင်ငံ
မန္တလေးမှာ ဆင်းမယ်၊ စိတ်ဝင်စားတယ် ဆိုတာ ပြောပြတာရှိတယ်။ အဲဒီတုန်း ကတည်းက ဆိုလာလေယာဉ်ရောက်
မယ်ဆိုတဲ့ ကိစ္စစတင်ခဲ့ပါတယ်။
မေး ။ နေရောင်ခြည်စွမ်းအင်သုံးလေယာဉှ်Solar
Impulse-2 မန္တလေးမြို့ကို ဆင်းသက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရဲ့ သဘောထားအမြင်တွေကို
သိလိုပါ တယ်။
ဖြေ ။ အခု ဆိုလာလေယာဉ်ရဲ့လမ်းကြောင်းကိုလေ့လာ
ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံ မန္တလေးမှာ ဆင်းမယ်။ ဒီကနေပြီးရင် တရုတ်ပြည်ဘက် ကိုသွားမယ်။
ကြည့် ရမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ရော မန္တလေးအနေနဲ့ ပါ အရှေ့တောင်အာ ရှမှာ
ဒီမှာပဲ ဆင်းတယ်ဆိုတာ သိရပါတယ်။ အင်မတန်ဂုဏ်ယူမိပါတယ်။
မေး ။ မန္တလေးလေဆိပ်ကို နေရောင်ခြည်စွမ်းအင်သုံး
လေယာဉ် Solar Impulse-2ရောက်ရှိ တဲ့အချိန်မှာ ပြည်သူတွေ နဲ့ပါ ကျောင်းသား ကျောင်းသူတွေ
လေ့ လာနိုင်ဖို့ ဘယ်လိုစီစဉ်ထားတယ်၊ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နေရောင်ခြည်
စွမ်းအင်သုံးလေယာဉ် Solar Impulse-2က မန္တလေးမှာ ဆင်းမယ်ဆိုတာ နောက် ဆုံးအတည်ပြုချက်
ပါပဲ။အဲဒီ အတွက်လည်း အစည်းအဝေးလုပ်ပါ တယ်။ ကျွန်တော်တို့ဆီက တိုင်းဒေသ ကြီးဝန်ကြီး
ဦးကျော်ဆန်း တက် ရောက်ခဲ့ပါတယ်။ ဒါကို စနစ်တကျ နဲ့ သေသေချာချာ ကြိုဆိုဖို့ကိစ္စတွေ၊
လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ဖို့ အသေးစိတ်မှာကြားတာတွေ ရှိပါ တယ်။ကျွန်တော်တို့ ဘက်အပိုင်းက
လေယာဉ်ဆင်း သက်လာတဲ့အခါ ပြည်သူတွေအများကြီး လာကြည့် မယ်လို့ မျှော်လင့်ထားတယ်။ လေ ယာဉ်ကို
အနှောင့်အယှက်မဖြစ် ရ အောင် ကျွန်တော်တို့စဉ်းစားထား တယ်။ မန္တလေးမှာ ဆင်းမယ်ဆိုတော့
မန္တလေးရဲ့ ပြယုဂ်တစ်ခုအနေနဲ့ သေ ချာလေးကြိုဆိုဖို့ စီစဉ်ထားတယ်။ နောက်ဆုံးအစီအစဉ်တစ်ခုကတော့
ပြသရေးမှာ ဆွစ်ဇာလန်သံရုံး ကိုယ် စားလှယ်၊ တာဝန်ယူနေတဲ့ FMI ကုမ္ပဏီတွေနဲ့ ကျွန်တော့်ရုံးမှာ
အစည်း အဝေးလုပ်တယ်။ အစည်းအဝေးမှာ သူတို့ဘက်က လိုလားချက်ဘာရှိသလဲ၊ ကျွန်တော်တို့ဘက်က
ဘာဖြည့် ဆည်းပေးရမလဲဆိုတာတွေကို ဆွေး နွေးပါတယ်။ ပြသတဲ့အစီအစဉ်မှာ ရန်ကုန်၊ မန္တလေးအပါ အဝင်
အခြား မြို့တွေကပါ လာပြီးလေ့လာလို့ရ အောင်စီစဉ်စေချင်တယ်။ အထူး သဖြင့် နည်းပညာတက္ကသိုလ်နဲ့
ကွန် ပျူတာတက္ကသိုလ်တွေက ကျောင်း သူကျောင်း သားတွေ လေ့လာနိုင် အောင် စီစဉ်မယ်။ လူမှုရေးအသင်း
အဖွဲ့တွေ လေ့ လာနိုင်အောင်လည်း စီစဉ်မယ်ဆိုတဲ့ သူတို့ရဲ့အစီအစဉ် တွေကိုလည်း ပြောပါတယ်။
ဒီမှာ နှစ်ရက်နားမယ်လို့ ဆွေးနွေး ပါတယ်။ မနက်ပိုင်း ၈ နာရီကနေ ၁၁ နာရီ အထိမှာ ပထမတစ်ရက်က
မန္တလေး နည်းပညာ တက္ကသိုလ်တွေက ကျောင်း သူကျောင်းသား ၂ဝဝ ကနေ ၃ဝဝ အထိ လေ့လာဖို့ဖြစ်ပါတယ်။
မွန်း လွဲပိုင်း ၂ နာရီကနေ ညနေ ၅ နာရီအထိ အများပြည်သူ လေ့လာ ဖို့ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့
ကြိုတင် စာရင်းပေးဖို့ သူတို့ဘက်က အစီအစဉ်တွေ ဆွေးနွေးပါတယ်။ ကျွန်တော်တို့က ကြေ ညာပေးလိုက် တော့ တော်တော်များများလည်း
သိလာပြီး စာရင်းတွေပေးနေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူတို့ တွေကို အကြိုအပို့တွေလုပ်ပေး
မယ်။ အချိန်ကန့်သတ်ချက်ကြောင့် ကြို/ပို့မှ အဆင်ပြေမယ်။ ဘာဖြစ် လို့လဲဆိုတော့ ၁ဝ ယောက်တစ်အုပ်စု
ကို ငါးမိနစ်စီလေ့လာခွင့်ရမယ်။ သူတို့က လိုက်ရှင်းပြမယ်။ လေယာဉ် ကြီးကိုလေ့ လာမယ်။ ပြန်ထွက်မယ်
စတဲ့အချိန်ကန့်သတ်ချက်တွေရှိနေ လို့ ကြို/ပို့စီစဉ်ပေးရခြင်းဖြစ်ပါတယ်။
မေး ။ ကြို/ပို့တာနဲ့ ပတ်သက်ပြီးဘယ်လိုနေရာ၊
ဘယ်လို အချိန်တွေ စုရပ်တွေအဖြစ်သတ် မှတ်ထားပါသလဲ။
ဖြေ ။ ပြည်သူတွေဆိုတဲ့ နေရာမှာကျောင်းသား ကျောင်းသူ
တွေလည်းပါမယ်။ နည်းပညာကျောင်း သား ကျောင်းသူတွေအနေနဲ့ ကတော့ သူတို့ကျောင်းက အစီအစဉ်
နဲ့ပဲလာဖို့ သူတို့ကျောင်းတွေနဲ့ ချိတ် ဆက်စီစဉ်ထားတယ် ဆိုတာသိရ တယ်။ ပြည်သူတွေကိုတော့
အမှတ် (၁၆)အခြေခံပညာ အထက်တန်း ကျောင်းရှေ့မှာ ကားတွေ စီစဉ်ထား ပါတယ်။ မီဒီယာအဖွဲ့တွေသွားလာဖို့
အတွက်ကတော့ ဘူတာကြီးရှေ့မှာ ကားတွေ စီစဉ်ထားပါတယ်။
မေး ။ လေ့လာချင်လို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်
ဘယ်ကို ဘယ်လို ဆက်သွယ် ရမလဲဆို တာသိပါရစေ။
ဖြေ ။ လေကြောင်း စီမံကိန်း ဦးစီးဌာန ဖုန်း-ဝ၂-၃၆၃၆၂
ကိုဆက်သွယ်နိုင် ပါတယ်။
မေး ။ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်
Solar Impulse-2အတွက် လုံခြုံရေး ဘယ်လိုစီစဉ်ထားသလဲဆိုတာ သိပါ ရစေ။
ဖြေ ။ လေယာဉ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ
စီစဉ်ဆောင် ရွက်ထားပါတယ်။ သီး ခြားလုံခြုံရေးတွေလည်း ဆောင်ရွက် ထားတာရှိ ပါတယ်။
မေး ။ ပြည်သူတွေကို အသိပညာပေးဖို့နဲ့ သတင်း
ထုတ်ပြန်ဖို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ဘယ်လို ဆောင်ရွက် ထားပါသလဲ။
ဖြေ ။ ကျွန်တော်တို့ သိရတဲ့အချိန် ရက်ပြောင်းသွား
တယ်ဆိုတာက ရာသီဥတု အခြေအနေ ကြောင့်ပါ။ ရက်ပြောင်း သွားတိုင်းလည်း ရက်ပြောင်း သွားသလို
နေ့စဉ် သတင်းတွေ ထုတ်ပေးနေပါတယ်။ သတင်းစာရှင်း လင်းပွဲတွေကတော့ သူ တို့က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး ။ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်
Solar Impulse-2ကို ကြိုဆိုဖို့ အခမ်း အနား ပြင်ဆင်တာတွေနဲ့ ပတ် သက်ပြီး ရှေ့ပြေးအဖွဲ့တွေက
ဘယ် လိုမှတ်ချက်ပြုပါသလဲ။
ဖြေ ။ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်
Solar Impulse-2 ရဲ့ ရှေ့ပြေးအဖွဲ့တွေ လည်း မန္တလေးမှာရောက်နေပါပြီ။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့
ပို့ ဆောင်ရေးဝန်ကြီးဌာနက သူတို့ကို အမြဲတမ်းပံ့ပိုး ကူညီပေးနေ ပါတယ်။ အဲဒီအပေါ်မှာ
သူတို့ဝမ်းသာ ကျေနပ်နေကြပါတယ်။ မနေ့က နောက်ဆုံးအနေနဲ့ ပြင်ဆင်ထားတာ လေးတွေကို ကျွန်တော်
သွားစစ်ဆေး တဲ့အခါ သူတို့နဲ့တွေ့ပါတယ်။ အဲဒီမှာ သူတို့ရဲ့ အင်မတန် အားရကျေနပ် တယ်ဆိုတဲ့အသံတွေကို
ကြားသိခဲ့ရ တယ်။
မေး ။ ဒီလေယာဉ်ကြီး ရောက်လာရင် ဘယ်လိုကြိုဆို
မလဲဆိုတာကို သိပါရစေ။
ဖြေ ။ ရောက်မှာက ညဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့
ကိုယ်စား တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ကြိုဆိုခွင့်ရတယ်ဆိုတဲ့ သဘောပဲလေ။ တိုင်းဒေသကြီးရဲ့
ပြယုဂ်အဖြစ် ကျောက်ဆည်ဆင် အကတွေ၊ ကျွန်တော်တို့ရဲ့ ရိုးရာ ဓလေ့တစ်ခုဖြစ်တဲ့ အိုးစည်၊
ဒိုးပတ် အကတွေ၊ တိုင်းရင်းသားဝတ်စုံတွေ နဲ့ တိုင်းရင်းသားတွေကလည်း ကြိုဆို ဖို့စီစဉ်ထားပါတယ်။
မေး ။ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်
Solar Impulse-2 မြန်မာနိုင်ငံကို ဆင်း သက်လာတာနဲ့ပတ် သက်ပြီး ပြည်သူ တွေကို ဘယ်လိုထပ်မံအသိ
ပညာပေး လိုပါသလဲ။
ဖြေ ။ နေရောင်ခြည် စွမ်းအင် သုံး လေယာဉ်ဆိုတော့
ကမ္ဘာမှာ ပထမဆုံးလို့ ပြောကြားတာ ရှိပါတယ်။ အခုအချိန်မှာ စွမ်းအင် ကဏ္ဍက ကမ္ဘာမှာ အလွန်အရေး
ပါနေတဲ့ အချိန်ဖြစ်တယ်။ စိတ် ဝင်စားလာတာက နေရောင်ခြည် ဖြစ်တယ်။ သူက ပြန်လည်ပြည့်ဖြိုး
မြဲ မကုန်ခန်းနိုင်တဲ့ စွမ်းအင်တစ်ခု ဖြစ်တဲ့အတွက် သူတို့သုတေသန များစွာလုပ်ထားတာ သိရတယ်။
သာမန် အားဖြင့် မြေပြင်မှာသွားလာ နိုင်တာတွေတော့ အထိုက်အလျောက်ရှိနေကြပြီ။ ဝေဟင်မှာ
သွားလာဖို့အတွက် ကတော့ တော် တော်လေးကြိုးစားနေဆဲဖြစ် တယ်။ အခုဒီလေယာဉ်ကြီးဟာ လေထဲက နေပျံသန်းပြီး
ကမ္ဘာပတ်မယ် ဆိုတော့ နည်းပညာအရခိုင်ခိုင်မာမာနဲ့ ကြိုး စားလာတယ်ဆိုတာ သုံးသပ်လို့ရ ပါတယ်။
တစ်ချိန်မှာတော့ နေရောင် ခြည်စွမ်းအင်ကို ကျွန်တော်တို့ အားလုံး သေသေချာချာနဲ့ အသုံးပြု
နိုင်မယ့်အဆင့် ရောက်လာမယ်လို့ ကျွန်တော်မြင်ပါတယ်။
မေး ။ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်ဆင်းသက်
လာတာနဲ့ပတ်သက်ပြီး ကျွန်တော် တို့နိုင်ငံအတွက် ဘယ်လိုအကျိုးရှိ မယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ ။ တကယ်ကို အကျိုးရှိမှာဖြစ်တယ်။ ဒီနည်းပညာ
ကို အသေးစိတ် ရှင်းပြမယ်ဆိုတဲ့ အတွက် နည်းပညာကို လေ့ လာနေတဲ့ ကျောင်းသားကျောင်း သူတွေဆီကို
တိုက်ရိုက်ရောက်သွားနိုင်တယ်။ ကျွန် တော်တို့ဆီမှာ နေရောင်ခြည်စွမ်းအင် နည်းပညာတွေကို
ရှင်းပြမယ်၊ ရလိုက် မယ်ဆိုရင် မြို့ပြရော ကျေးလက်ပါ မကျန် အကျိုးရှိသွားမှာပါ။ မြန်မာ
နိုင်ငံမှာဆိုရင် မန္တလေးတိုင်းဒေသ ကြီးဟာ နေရောင်ခြည်စွမ်းအင်ကို အကောင်းဆုံးရရှိ တဲ့နေရာဖြစ်တယ်။
အခုလည်း နေရောင်ခြည်စွမ်းအင် ကနေ လျှပ်စစ်ဓာတ် အား ထုတ်လုပ် နိုင်ဖို့ ကုမ္ပဏီတွေနဲ့
စာချုပ်ချုပ်နိုင် တဲ့အဆင့်ကို ရောက်နေ ပါပြီ။ ဒီနည်းပညာကို ရမယ်ဆိုရင် လျှပ်စစ် စွမ်းအားမှာ
အဓိကတိုက်ရိုက် အထောက်အကူဖြစ်သွားမှာ ဖြစ်ပါ တယ်။ တိုးတက်လာတဲ့နည်းပညာ တွေအရ အခြားသောကဏ္ဍတွေမှာ
လည်း အကျိုးရှိလာလိမ့်မယ်လို့ မျှော် လင့်ထားပါတယ်။

No comments:
Post a Comment