ရန်ကုန် မတ် ၁၉
အိန္ဒိယ နိုင်ငံရေတပ်မှ Cdr. Amol Gopal Merwade ဦးစီး၍ အရာရှိ ၂ဝ၊ အခြားအဆင့် ၂၁ဝ လိုက်ပါလာသည့် အိန္ဒိယ ရေတပ်မှ တိုင်းတာရေး စစ်ရေယာဉ် INS Darshak သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရန်ကုန်မြို့ သန်လျင် သီလဝါ ဆိပ်ကမ်း MITT ဆိပ်ခံ တံတားသို့ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိလာရာ သန်လျင် တပ်နယ်မှ ဗိုလ်မှူးချုပ် မင်းသိမ်းထင် နှင့် တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်များက နွေး ထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ
တိုင်းတာရေး စစ်ရေ ယာဉ်သည် မြန်မာနိုင်ငံ၌ မတ် ၁၉ ရက်မှ ၂၂ ရက်အထိ လေးရက်ကြာ နေထိုင်သွား မည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက်လည်ပတ်ခြင်း ဖြင့် နှစ်နိုင်ငံရေတပ်အချင်းချင်း သာမက နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကို ပိုမိုမြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment