နေပြည်တော် မတ် ၁၇
နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse-2 ရောက်မည့်ရက်မှာ ရာသီဥတုအခြေအနေအရ
မတ် ၁၉ ရက်သို့ ပြောင်းလဲ သွားသည့်အတွက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပမည့်
Solar Impulse-2 သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၀ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။
ရာသီဥတုအခြေအနေကြောင့် လေယာဉ်ဆိုက်ရောက်မည့်ရက်မှာ ထပ်မံ၍ အပြောင်းအလဲရှိကောင်းရှိ
နိုင်မည် ဖြစ်ခြင်းကြောင့် မတ် ၁၉ ရက် တွင် ထပ်မံအကြောင်းကြားပေးမည် ဖြစ်ကြောင်း
TODAY Ogilvy Public Relations က မီဒီယာများသို့ အကြောင်းကြားထားသည်။
မတ် ၂၀ ရက်တွင် ကျင်းပမည့် အစီအစဉ် အနေဖြင့် နံနက် ၇ နာရီခွဲတွင် မန္တလေးဘူတာကြီးရှေ့မှ
ကြိုပို့ ဆောင်ရွက်ပေးမည့် ဘတ်စ်ကားကြီးများ ထွက်ခွာမည်ဖြစ်ပြီး Solar Impulse သတင်းစာရှင်းလင်းပွဲကို
နံနက် ၁၀ နာရီခွဲအထိ လည်းကောင်း၊ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် ပျံသန်းရေးတွင် ပံ့ပိုးကူညီပေးသည့်
ကုမ္ပဏီတစ်ခုဖြစ်သည့် ABB ၏ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၀ နာရီခွဲမှ နံနက် ၁၁ နာရီအထိလည်းကောင်း၊
Solar Impulse-2 လေယာဉ် လေ့လာရေးကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ လည်းကောင်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment