ကြာအင်းဆိပ်ကြီး - မတ် လ (၁၇) ရက်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေးဆင့်ပွားသင်တန်းကို ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ မတ်လ(၁၇)ရက် ၊ နံနက်(၁၀း၀၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သာက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်၍ သက်ဆိုင်ရာကော်မရှင်များ ပေါင်းစပ်ညှိနှိုင်းကာ အချိန်နှင့် တပြေးညီ အထက်ဌာနများသို့ အဆင့်ဆင့်တင်ပြပေးသွားမည်ဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ ကော်မရှင်၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်း ပြောကြားသည်။
ရဲတပ်ဖွဲ့၏ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး သိပညာပေးဆင့်ပွား သင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ ရဲအရာရှိများနှင့် အခြားအဆင့် စုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment