Wednesday, March 18, 2015

ကျေးရွာစာကြည့်တိုက်များသို့ စကိုင်းနက်ရုပ်သံဖမ်းစက်နှင့် ဆမ်ဆောင်း တီဗွီများ ထောက်ပံ့ပေးအပ်


ကန့်ဘလူ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့် တိုက်များသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အစီအစဉ်ဖြင့် ထောက်ပံ့သော စကိုင်းနက် ရုပ်သံဖမ်းစက်နှင့် ၃၂ လက်မ ဆမ်ဆောင်းတီဗွီများ ပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ် ၁၅ ရက်က ကျင်းပသည်။


ရုပ်သံဖမ်းစက်များပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလွင်က အမှာစကားပြောကြား ပြီး စကိုင်းနက်ရုပ်သံဖမ်းစက်တစ်စုံစီကို လက်ခုပ်ပင်၊ ကိုင်းတော၊ သင် ပန်းတော၊ လိတ္ထူ၊ ချပ်ကြီး၊ ချပ်သင်း၊ မြေမွန်၊ ထန်းကုန်းကျေးရွာရှစ်ရွာ သို့လည်းကောင်း၊ ဆမ်ဆောင်းတီဗွီ များကို မိုးကောင်း၊ ကိုးမြို့၊ ငါတို့၊ ရှမ်းကုန်း၊ မြေထူး၊ ဇီးကုန်း(မ)၊ ဂါ တာ၊ ပိတောက်ပင်၊ နဂါးပေါ်(မ) ကျေးရွာများသို့ လည်းကောင်း ပေး အပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ က လက်ခံရယူကြသည်။ ထို့နောက် ကျေးရွာနေပြည်သူများ ကိုယ်စား ညောင်ပင်ကြီးကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
ရုပ်သံဖမ်းစက်များ ပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ တက်ရောက်သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေ ပြည်သူများ ဗဟုသုတရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ ကျန်း မာရေး၊ ပညာရေး၊ အားကစား၊ မိုးလေဝသသတင်းများ၊ စီးပွားရေး သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး စီးပွားရေးလုပ်ငန်းများ တွင် အကျိုးရှိအောင်အသုံးချကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင် ရွက်နိုင်စေရန်အတွက် တိုင်းဒေသ ကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ရုပ်သံ ဖမ်းစက်နှင့် တီဗွီများထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သည် ကန့်ဘလူမြို့နယ်သာမက မြင်းမူ၊ ဆားလင်းကြီးနှင့် အခြား မြို့နယ်များမှ ကျေးရွာစာကြည့်တိုက် များသို့လည်း ရုပ်သံဖမ်းစက်နှင့် တီဗွီများ ထောက်ပံ့ပေးအပ်လျက်ရှိ ကြောင်း သိရသည်။

No comments:

Post a Comment