နေပြည်တော် မတ် ၁၂
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လောင်စာအသုံးပြုကာ ခရီးဝေးပျံသန်းမှုများကို သရုပ်ဖော်ပြသရန် ကီလိုမီတာ ၃၅ဝဝဝ(မိုင် ၂၂ဝဝဝ)ကွာဝေးသည့် ဒုတိယမြောက်ခရီးစဉ် အဖြစ် ပျံသန်းနေသော ပထမဆုံးသော ကမ္ဘာပတ်နေရောင် ခြည်စွမ်းအင်သုံးလေယာဉ်သည် ပြီးခဲ့သည့် မတ် ၁၁ ရက်က အိန္ဒိယနိုင်ငံ၌ ဆင်းသက်ခဲ့သည်။
အဆိုပါSolar Impulse-2 လေယာဉ်သည် အိုမန်နိုင်ငံ မတ်စကပ်မြို့တော်မှ အာရေဗျ ပင်လယ်ကိုဖြတ်ကျော်ကာ ၁၅ နာရီနီးပါး ပျံသန်းမောင်းနှင် ပြီးနောက် အိန္ဒိယနိုင်ငံအနောက်ပိုင်း မြို့တော်အမက် ဒါဘတ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
''ဒီလို တစ်စင်းထဲသော နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်မှာ ပျံသန်းမောင်းနှင်ရတာ အထူးအခွင့်အရေး တစ်ခုပါ''ဟု လေယာဉ်မှူး ဘတ်ထရန်ပက်ကဒ်က လေယာဉ် ဆင်းသက်ပြီးနောက် သတင်းထောက်များကို ပြောကြားသည်။ တစ်နာရီလျှင် ကီလိုမီတာ ၅ဝ နှင့် ၁ဝဝ ကြား (တစ်နာရီမိုင် ၃ဝ မှ မိုင် ၆ဝ)နှုန်းဖြင့် ၂၅ ရက်ကြာနီးပါး ကမ္ဘာတစ်ပတ် ပျံသန်းနေသော ယင်းဆိုလာလေယာဉ်သည် အာရပ် စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့တော်မှ မတ် ၉ ရက်တွင် ခရီးစတင်ထွက်ခွာလာခဲ့ပြီး လေယာဉ်မှူး ပက်ကဒ် နှင့်အတူ တွဲဖက်လေယာဉ်မှူး အန်ဒရီဘော့ခ်ျဘတ်ဂ်က တစ်ယောက်တစ်လှည့်စီ ထိန်းချုပ်မောင်းနှင်လျက်ရှိသည်။Solar Impulse-2 လေယာဉ် နောက်ထပ်ရပ်နားမည့်နေရာမှာ အိန္ဒိယဝန်ကြီးချုပ်ျမစ္စတာမိုဒီ၏ မဲဆန္ဒနယ်မြေဖြစ်သည့် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဗာရာဏသီမြို့တော်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ထွက်ခွာပြီးနောက်Solar Impulse-2 လေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပတောင်ပိုင်းကို မဖြတ်သန်းမီ မြန်မာနိုင်ငံ မန္တလေးမြို့နှင့် တရုတ်နိုင်ငံတွင် ခရီးတစ်ထောက်ရပ်နား မည်ဖြစ်ပြီး ဇူလိုင်လနှောင်းပိုင်းတွင် အဘူဒါဘီမြို့တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။Solar Impulse-2 လေယာဉ်သည် မြန်မာနိုင်ငံ၌ သမိုင်းဝင်ဆင်းသက်မှုအဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၁၇ ရက် (အင်္ဂါနေ့)ညနေ ၅ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ယင်းနေ့ညနေ ၅ နာရီခွဲမှ ၆ နာရီထိ သတင်းထောက်များ ရောက်ရှိကြောင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ၆ နာရီမှ ၆ နာရီ ခွဲအထိ ဆိုလာလေယာဉ်ကို လှည့်လည်ကြည့်ရှုရမည်ဖြစ်ကာ ညနေ ၆ နာရီခွဲမှ ည ၈ နာရီအထိ ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲတွင်Jardine Schindler Group မှ အမှုဆောင် ချုပ် မစ္စတာ ဂျူဂျာဒန်ဂျီနာက အဖွင့်အမှာစကား ပြောကြား မည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံ အမတ်ကြီး မစ္စတာခရစ်စတိုဘာဂျန်နာနှင့်Solar Impulse-2 လေယာဉ်မှူးတစ်ဦးက အမှာစကားများပြောကြားမည်ဖြစ် သည်။Solar Impulse-2 (ပေါင် ၅၁ဝဝ)မျှသာရှိသော် လည်း တောင်ပံများမှာ အကြီးမားဆုံးလေယာဉ်တစ်စင်း၏ တောင်ပံနီးပါးရှည်လျားသည်။ Solar Impulse-2 လေယာဉ်ဒီဇိုင်းရေးဆွဲမှုနှင့် တည်ဆောက်မှုမှာ ၁၂ နှစ် ကြာမြင့်ခဲ့သည်။Solar Impulse-2 လေယာဉ်၏ ပထမ ပုံစံကို ၂ဝဝ၉ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး လူလိုက်ပါ မောင်းနှင်သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် တစ်စင်း သွားရောက်သည့် အမြင့်နှင့် ခရီးအကွာအဝေး စံချိန်များ တင်နိုင်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment