ရန်ကုန် မတ် ၁၂
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယသမ္မတ မဒမ် ငုယင်သီဇွမ်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ရောက်ရှိရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်၌ ဗီယက်နမ်HAGLကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုသည်။
ယင်းနောက် ညနေ ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကာ အလှူငွေများ လှူဒါန်း၍ ရွှေတိဂုံ စေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ညပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြ သည်။

No comments:
Post a Comment