ပေကျင်း မတ် ၁၂
တရုတ်-အာဆီယံ ယူ-၁၅ ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယမန်နေ့က တရုတ်နိုင်ငံ၌ ကျင်းပခဲ့ရာ မြန်မာအသင်းက တတိယနေရာ ရရှိခဲ့ သည်။
မြန်မာအသင်းသည် တတိယနေရာလုပွဲတွင် အိမ်ရှင် တရုတ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပြည့်စုံနိုင်၏ တစ်လုံး တည်းသောဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် မလေးရှားအသင်းက ဗီယက်နမ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် အုပ်စုတွင်း တွေ့ဆုံစဉ်ကလည်း တရုတ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ပင် အနိုင်ရခဲ့သည်။ ယင်းပြိုင်ပွဲကို လေးသင်းပတ်လည် ကစားခဲ့ပြီး အမှတ်အများဆုံးနှစ်သင်းသည် ဗိုလ်လုပွဲနှင့် အောက်ဆုံးနှစ်သင်းသည် တတိယနေရာလုပွဲကစားခဲ့ရခြင်း ဖြစ်သည်။

No comments:
Post a Comment