Friday, March 20, 2015

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် Myanmar-Japan Magazing မှ Mr.Yataka Nagasugi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

နေပြည်တော် မတ် ၂၀
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ Myanmar-Japan  Magazine မှ Mr.Yataka  Nagasugi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် Myanmar-Japan  Magazine မှ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံစေလိုသည့်လုပ်ငန်းများ၊ အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများ၊ သီလ၀ါစက်မှု ဇုန်နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်နှင့် တိုးတက်မှုအခြေအနေများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် လိုအပ်သောအခြေခံအဆောက်အအုံ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မြန်မာ-ဂျပန်ဆက်ဆံရေးများကို ဆွေးနွေးသည်။

No comments:

Post a Comment