နေပြည်တော် မတ် ၂၀
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည်
မတ် ၁၈ ရက် ညနေ (၄)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာ့ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးခန်းမမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ရာတွင်
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်သွယ်မှုအခြေအနေများ၊ မြန်မာနိုင်ငံမှ
စီးပွားရေးလုပ်ငန်းရှင်များမှ နှစ်စဉ် ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပပြုလုပ်သသော
ကုန်စည်ပြပွဲနှင့် ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပပြုလုပ်သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့
ပါဝင်ပြသမှုများ၊ အဆိုပါပြပွဲများမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ
ကိစ္စရပ်များကို ဆောင်ရွက်နေမှုများ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ဖွင့်လှစ်ထားသော
မြန်မာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးခန်းမ၏ ဆောင်ရွက်နေမှုအခြေအနေများ၊
မြန်မာနိုင်ငံမှ တရုတ်စကားပန်းပွင့် အခြောက်များ ဝယ်ယူလိုခြင်းကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းချိတ်ဆက်
ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကူမင်းမြို့တွင် ဖွင့်လှစ်ထားသည့် Trade Center ကဲ့သို့
ကွမ်းကျိုးမြို့တွင်လည်း Trade Center ဖွင့်လှစ်နိုင်ရေး ကိစ္စများအား ဆွေးနွေးပြောကြားသည်။
No comments:
Post a Comment