Friday, March 20, 2015

ရွှေခဲအင်းကျေးရွာအုပ်စု ကျောက်ခဲအင်းကျေးရွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် မီးလင်းပွဲ ကျေးရွာလုံးကျွတ် အခမ်းအနား ကျင်းပ

နေပြည်တော်။ မတ် (၂၀)
လယ်ယာစိုက်ပျိုးရေးနှင့်‌ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်သည် ယမန်နေ့ ညနေ(၅)နာရီ အချိန်တွင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာအုပ်စု၊ ကျောက်ခဲအင်း ကျေးရွာ တွင် အရှည်(၂.၁)မိုင်၊ အကျယ်(၁၄)ပေရှိ ကျေးရွာအ၀င် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား နှင့် ကျေးရွာရှိ အိမ်ွခေ(၃၂၀)အား ဆိုလာလျှပ်စစ် မီးလင်းပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးစောလှ၊ ဦးဘုန်းဇော်ဟန်တို့တက်ရောက်၍ အမှာစကားပြောကြား သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နိုင်ငံတော်သမ္မတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးရွာ များ၏ လမ်းပမ်းဆက်သွယ်ရေး၊မီးလင်းရေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များအဖြစ် ဦးစားပေး အကောင်အထည်ဖေါ်ပေးလျက်ရှိရာတွင် နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာ(၂၈)ရွာအားလုံးကို လျှပ်စစ် မီးလင်းရေး ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအား ကျေးဇူးတင်ရှိကြောင်း။
ကျေးရွာများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ လိုအပ်ချက်များကို နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးခဲ့မှုအပေါ် အကျိုးအရှိဆုံး၊အထိရောက်ဆုံး ထိမ်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်ကြောင်း။ အိမ်ထောင်စုတစ်စုချင်းစီ၏ တိုးတက်ကြီးပွားရေးအတွက် ကိုယ်တိုင် အားထုတ် လုပ်ဆောင် ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေမှ လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာနှင့် လမ်းတံတား ဆိုင်ရာ အင်ဂျင်နီယာတို့က တည်ဆောက်ရေးဆိုင်ရများကို ရှင်းလင်းတင်ပြပြီး  ဒက္ခိဏသီရိ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးညီညီနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကား  ပြောကြား သည်။
ယင်းနောက် ပြည်ေထာင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် နေပြည်တော်ကောင်စီဝင် ဦးစောလှ၊နေပြည်တော်ကောင်စီဝင် ဦးဘုန်းဇော်ဟန်တို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကျေးရွာအတွင်း ကတ္တရာလမ်းတစ်လျှောက် ကြည့်ရှုအားပေးကြသည်။

ထို့နောက် ကျောက်ခဲအင်း ကျေးရွာလုံးကျွတ် မီးလင်းသည့် အထိမ်းအမှတ် ဖွင့်ပှဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်နှင့် နေပြည်တော်ကောင်စီဝင် ဦ‌စောလှ၊ ဦးဘုန်းဇော်ဟန်တို့က လျှပ်စစ်မီးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး  တက်ရောက် လာကြသော ရပ်မိ၊ရပ်ဖများ၊ကျေးရွာလူထုတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံ နူတ်ဆက်၍ အားပေးစကား ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment