နေပြည်တော် မတ် ၁၇
ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ
ဦးစိုးသာသည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Mr. DejanOstojic ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့
ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင် အမှတ်(၁)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်
ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု
ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကြည်သာ၊ အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏
ဘဏ္ဍာငွေ အရအသုံးနှင့် အခွန်အကောက် ဆိုင်ရာစိစစ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်ဦးကြည်ပြုံး၊
ဦးအေးမောင်၊ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ဖြူဖြူသင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အား ထုတ်လုပ်ပေးခြင်း၊
ဖြန့်ဖြူးခြင်းနှင့် ကျေးလက် ဒေသများ လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် သက်သာသောအတိုးနှုန်းထားနှင့်
ချေးငွေချေးပေးနိုင်ရေးနှင့် လွှတ်တော်အပိုင်းမှ အတည်ပြုချက် ရရှိရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ရမည့်ကိစ္စတို့နှင့်စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေးကြသည်။


No comments:
Post a Comment