ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်
ကချင်လွတ် မြောက်ရေးအဖွဲ့(KIO)တို့ ပထမဆုံး အကြိမ် နေပြည်တော်၌ ငြိမ်းချမ်းရေးဆိုင်ရာ
တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-II) အစည်းအဝေးခန်းမ၌
ကျင်းပ ရာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ဆွေးနွေးပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်
ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်
ဦးလဂျွန်ငန်ဆိုင်း၊ ကချင် လွတ်မြောက်ရေး အဖွဲ့မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာလဂျာအပါအ၀င်
ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီးလဖိုင်လ၊
ဗိုလ်မှူးကြီး ခွန်နောင်၊ ဗိုလ်မှူးကြီး ဇော်တောင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ဆွေးနွေး ပြောကြားရာတွင် မိမိတို့ အားလုံးကြိုးပမ်းဆောင်ရွက်နေကြသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ယခု နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၁ ခုနှစ်
သြဂုတ်လ ၁၈ရက် မှ စပြီး ငြိမ်းချမ်းရေးရယူရန် ကမ်းလှမ်းခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
အကောင်အထည်ဖော် ဆောင်ရွက် လာသည်မှာ သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးလာခဲ့ပြီး
ယခုဆိုလျှင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးအတွက် ဦးတည်ဆွေးနွေးလာခဲ့သည်မှာ ၇ ကြိမ်ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း။
ယခုလို ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက်
အခက်အခဲများစွာရှိပါကြောင်း၊ ဆွေးနွေးပွဲများ စတင် ကျင်းပချိန်တွင် ယုံကြည်မှုအားနည်းခြင်းကြောင့်
ပြည်တွင်း၌ မကျင်းပနိုင်ဘဲ ပြည်ပသို့ သွားရောက်ဆောင် ရွက်ခဲ့ရပါကြောင်း၊ ယခုဆိုလျှင်
ပြည်တွင်း၌ ကျင်းပနိုင်သည့်အတွက် တိုးတက်မှုရှိသည်ဟု ပြောရမည်ဖြစ် ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ပြည်တွင်း၌ သွားရောက်လည်ပတ်ချင်သည့်
ဒေသများသို့ ညှိနှိုင်းပြီး သွားရောက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ နှစ်ပေါင်း ၆၀ ကျော်
ပေးဆပ်ခဲ့ရသည့် လက်နက် ကိုင်ပဋိပက္ခများကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရ ပါကြောင်း။
အခြေအနေကောင်းတစ်ခုကို ရရှိစေရန် ကြိုးစားရာတွင် များစွာ ခက်ခဲသော် လည်း ပျက်ပြယ်သွားရန်မှာ လွယ်ကူပါကြောင်း၊
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပျက်ပြားသွားပါက ဦးစွာဒုက္ခရောက်ကြရသူများမှာ ပြည်သူများသာ
ဖြစ်ပါကြောင်း၊ ယခုခေတ် ယခုအခါတွင် ကိုင်တွယ်အသုံးပြုကြသည့် လက်နက်များမှာ လူမျိုးမရွေး၊
ဘာသာမရွေး၊ နေရာဒေသမရွေး၊ အချိန်မရွေး ဒုက္ခပေးနိုင်သည့် လက်နက်များ ဖြစ်ပါကြောင်း၊
မှားသည် မှန်သည်မှာ ငြင်းဆိုဖွယ်ရာဖြစ်သော်လည်း ဒုက္ခရောက်ကြရ သူများမှာ ပြည်သူများသာဖြစ်ပါကြောင်း၊
သို့ဖြစ်၍ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စိတ်ရှည်သည်းခံ၍ ရေရှည်ကို မျှော်ကိုးပြီး
ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခုဆိုလျှင် အားလုံးပူးပေါင်း ဆောင်ရွက်မှုကြောင့် တစ်နိုင်ငံလုံးပစ်
ခတ်ရပ်စဲရေး သဘော တူညီမှုရရှိရန် လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်သည့်အတွက် အနည်းငယ် ကြိုးစားရုံဖြင့်
ထာဝရငြိမ်းချမ်းရေး ရရှိတော့မည်ဖြစ်ပါကြောင်း၊ ယင်းအတွက် ယခုလက်ရှိရရှိထားပြီးဖြစ်သည့်
အခြေအနေ ကောင်းများကို အမိအရဆုပ်ယူပြီး ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြား
သည်။
ထို့နောက် ကေအိုင်အိုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင်
အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက မိမိတို့အဖွဲ့သည် ကေအိုင်အိုဗဟိုအဖွဲ့၏ တာဝန် ပေးချက်အရ
နေပြည်တော်သို့ ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးခြင်းဖြစ် ပါကြောင်း၊ ယခုလိုလာရောက်ခြင်းသည်
ရလဒ်ကောင်းများအတွက် အဓိကထား လက်တွေ့ဖော်ဆောင်နိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊
မိမိတို့အဖွဲ့၏ သဘော ထားရပ်တည်မှုကိုလည်း ၂၀၁၅ ခုနှစ် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်ခဲ့ပြီး
ဖြစ်ပါကြောင်း၊ ယင်းထုတ်ပြန်ကြေညာချက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင်
စေရန်ပင်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို မည်သူ ကမျှ မလိုလားကြပါကြောင်း၊
ယင်းကိုသင်ခန်းစာယူပြီး ဆက်လက်၍ ပဋိပက္ခများ မဖြစ်စေရန် မည်သို့ ကာကွယ်သွားမည်၊ နောင်ကိုမည်သို့ဆက်သွားမည်၊
ဖြစ်ပြီးသား ကိစ္စရပ်များကို မည်ကဲ့သို့ ကုစားသွား ရမည်ဆိုသည်တို့ကို ဆွေးနွေးနိုင်ရန်
လာရောက် ခြင်းဖြစ်ပါကြောင်း၊ စစ်ရေးကိစ္စရပ်များကို ဖြေရှင်းရာတွင် ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်
တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မကြာခင်ဆွေးနွေးမည့်
(၇)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲမှ ပြည်သူများ လိုလားနေသည့်
ငြိမ်းချမ်းရေးလုပ်ငန်းများကို အချို့အကွေ့ဖြစ်စေရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်
ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး၊
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ဒေါက်တာ လဂျာဦးဆောင်သည့် အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေး၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ အပြုသဘောဆောင်သည့်
ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများသည်
စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

No comments:
Post a Comment