Sunday, March 15, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် နေပြည်တော်တွင် ရောက်ရှိနေသည့်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် အဖွဲ့ဝင်များအားယနေ့ညပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွှေစံအိမ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ညစာစားပွဲတွင် ရှေးဦးစွာ ဒုတိယသမ္မတက   ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင်နှင့် အဖွဲ့ဝင်များအားရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး ညစာအတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲအပြီးတွင် ဒုတိယသမ္မတက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။
ညစာစားပွဲသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများတက်ရောက်ခဲ့ကြသည်။       

No comments:

Post a Comment