နေပြည်တော် မတ် ၂၅
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
သည် ယနေ့ နံနက်(၇)နာရီတွင် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(JICA)မှ Mr. Kenichiro KOBAYASHI လိုက်ပါလျက် တောင်သူပညာပေး ဓါတု ကင်းလွတ် အော်ဂဲနစ်
ဟင်းသီး ဟင်း ရွက်နှင့် သစ်သီးဝလံ တဆက်တစပ်တည်း ဧက(၉၀၀) စိုက်ကွင်းအတွင်း တစ်ကြိမ်
လျှင် တန်(၅၀၀)ထိန်းသိမ်း သိုလှောင်နိုင်သော အအေးခန်းစနစ် သိုလှောင်ရုံသို့ ရောက်ရှိပြီး
လျှပ်စစ် ဓာတ်အား လိုအပ်ချက် (500 KVA) ထရန်စဖော်မာ တည်ဆောက်ပြီးစီးမှု၊ ဓာတ်အား သွယ်တန်းပြီး
စီးမှုနှင့် အအေး စနစ် ဂျန်နရေတာများ၊ မော်တာများ ပုံမှန်လည်ပတ်နေမှုများကို ဂျပန် ပညာရှင်နှင့်
အတူ စစ်ဆေးကြည့်ရှုပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ လိုအပ် ချက်များကို အပြန်အလှန် ဆွေးနွေးသည်။
ဆက်လက်၍ ခေတ်မီအဆင့်မြင့် အအေးခန်းအဆောက်အဦးအတွင်း မျိုးစေ့ သန့်စင် စက်ကိရိယာများ
ရောက်ရှိနေမှုကိုလည်းကောင်း၊ အအေးခန်း တစ်ခန်း ချင်း အတွင်း သစ်သီး ဝလံများ သယ်ယူရာတွင်
အသုံးပြုရန်အတွက် ထုပ်ပိုး ပစ္စည်းများ ရောက်ရှိနေမှုကို လည်းကောင်း၊ စက်ရုံဝင်းအတွင်း
တစ်စီး လျှင် (၂၂)တန် သယ်ယူနိုင်သော အအေးခန်း စနစ် မော်တော်ယာဉ်(၄) စီး အသင့် ရောက်ရှိနေမှုကို
လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ
ဈေးကွက်များသို့ တင်ပို့ရောင်းချရန် စိုက်ပျိုးထားရှိသော တဆက် တစပ်တည်း ဧက(၄၀) ငရုတ်သီးနှံစိုက်ကွင်း
ပျဉ်းမနား မြို့နယ်၊ အလျင်လိုကျေးရွာရှိ ပုလဲသွယ်စပ်မျိုးစပါး F1 မျိုးစေ့ထုတ် တဆက်တစပ်တည်း
(၃၄၄)ဧက စိုက်ကွင်းနှင့် ကျားကူးအနောက်ကျေးရွာရှိ ပုလဲသွယ် စပ်မျိုးစပါး F1 မျိုးစေ့ထုတ်
တဆက် တစပ်တည်း ဧက(၁၀၀) စိုက်ကွင်းများသို့ ကြည့်ရှု စစ်ဆေးအားပေးသည်။

No comments:
Post a Comment