Wednesday, March 25, 2015

ချောက်မြို့နယ် ထိန်ကန်ကျေးရွာတွင်မီးလောင်မှုဖြစ်ပွား


ချောက်၊ မတ် ၂၅
ချောက်မြို့နယ်ထိန်ကန်ကျေးရွာရဲစခန်းအရှေ့တောင်ဘက် ၈ မိုင်ခန့် အကွာရှိ ဦးသန်းမောင်၊ ထိန်ကန် ကျေးရွာ လေးပင် ပတ်လည် နှစ်ထပ် သွပ်မိုး ထရံကာ ပျဉ်ခင်း မီးဖိုမီးကြွင်းမီးကျန် မှ မတ် ၂၅ ရက် နံနက် (၁)နာရီ အချိန် မီးစတင် လောင်ကျွမ်းခဲ့ရာစုစုပေါင်း အိမ်ခြေ(၄၂)လုံး မီးကူး စက်လောင်ကျွမ်း နံနက် (၁)နာရီခွဲ အချိန်တွင် လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် ၅ စီးရေနံမီးသတ်ယာဉ် ၁စီး ဆိပ်ဖြူမီး သတ်ယာဉ် ၁စီး မနောဖြူ ရေသယ်ယာဉ် ၁စီး ပုဂ္ဂလိကရေသယ်ယာဉ် ၆ စီး တို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြ သည်။

အိမ်ခြေ ၄၂လုံး၊ အိမ်ထောင်စု ၄၂ စုလူဦးရေကျား ၉၀ ဦး မ ၉၀ ဦးစုစုပေါင်း ၁၈၀ ဦးအိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ပြီး ၎င်းတို့အား ဇိနမာန် အောင် ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာဆွေးမျိုး သားချင်း အိမ်များတွင် နေထိုင်စေလျက်ရှိပြီး လူ/တိရစ္ဆာန် ထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရ ရှိသည်။

No comments:

Post a Comment