နေပြည်တော် မတ် ၂၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် နံနက် ၈ နာရီတွင် ကြာပင်
သံမဏိကြိုးတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ယင်းနောက် တံတား တည်ဆောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကြိုးတံတားဆောက်လုပ်
ဆောင်ရွက်ခဲ့ မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူး တင်စကားပြောကြားပြီး
ကြိုးတံတား ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ပေးအပ်ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုးတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်ထောင်စု ၀န်ကြီး၊ ဧည့်သည်တော် များနှင့် ဒေသခံပြည် သူများက ကြိုးတံတားအား
ဖြတ်သန်း ကြည့်ရှုခဲ့သည်။
ကြာပင် သံမဏိကြိုးတံတားသည် တံတားအလျား(၃၂၀)ပေ၊ အနံ(၅)ပေရှိပြီး ဇန်န၀ါ ရီ (၁၉)ရက်မှ
ကြိုးတံတားအုတ်ခုံများ စတင်ဆောက်လုပ်ခဲ့ရာ ၂၆.၄.၂၀၁၄ ရက်နေ့တွင် ကြိုးတံတားတပ်ဆင် တည်ဆောက်မှု
လုပ်ငန်းများ ပြီးစီးခဲ့ သည်။ အဆိုပါ တံတားကို ပြည်ထောင်စုဝန်ကြီးက ထည့်ဝင်လှူဒါန်းငွေ
(၇၈)သိန်း၊ ဒေသခံပြည်သူများမှ ထည့်ဝင် လှူဒါန်းငွေ(၆၈)သိန်းနှင့် တံတား ဆက်စပ် ပစ္စည်းများကို
ဆွစ်ဇာလန် နိုင်ငံသား Mr. Anton Beat Ruttimann တို့က လှူဒါန်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ပွင့်လင်းရာသီမှအပ ဇွန်လမှ နိုဝင်ဘာလအထိ အလျားပေ(၃၀၀) ခန့်ရှိ ကြာပင် ချောင်းအား
လှေများဖြင့်သာ ကူးလူးသွားလာနိုင်ပြီး ယခုကြိုး တံတားအား တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်
အတွက် တောင် တွင်းဒေသကျေးရွာအုပ်စု(၁၅)စု၊ ကျေးရွာပေါင်း(၃၇)ရွာမှ ကျေးလက်နေပြည် သူ
များ ကြာပင်တိုက်နယ်ဆေးရုံသို့ လည်းကျောင်း၊ ကျောင်းသား ကျောင်းသူများ ကြာပင်အထက်တန်းကျောင်းသို့
ပညာ သင်ကြားရန် လာရောက်ရာတွင်လည်းကောင်း၊ ဆယ့်နှစ်ရာသီ အခက် အခဲ မရှိ လာရောက်နိုင်ပြီးဖြစ်၍
တောင်တွင်းဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအားလုံး ဖွံ့ဖြိုး
တိုးတက် လာတော့မည်ဖြစ် သည်။
မတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလေးမြို့ရှိ ကလေး စက်မှု ဇုန်သို့ရောက်ရှိပြီး
ကလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ လည်းကောင်း၊ ဦးဘမူတွင် သံရည်ကျိုလုပ်ငန်းအားလည်းကောင်း၊
ဇိုစွန်နီမော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းအား လည်းကောင်း၊ အောင်ချမ်းသာ စက်မှုလက်မှု
လုပ်ငန်းတို့အား လည်းကောင်း သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment