ရန်ကုန် မတ် ၂၈
နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်း (IPI)၏ ၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘာ့နေရာဒေသ အသီးသီးတွင်
မီဒီယာဆိုင်ရာ လုပ်ငန်းများ ထူးချွန်စွာ ဆောင်ရွက် နိုင်ခဲ့သည့် သတင်း မီဒီယာများနှင့်
လူပုဂ္ဂိုလ်များအား ထူးချွန်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၇ နာရီတွင်
ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ချက်ထရီယံဟိုတယ် Pool Garden ၌ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်းမှ ဥက္ကဋ္ဌ Ms. Galina
Sidorova နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၊ နိုင်ငံခြားသံရုံး
များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
IPI ၏ မီဒီယာဆိုင်ရာ ထူးချွန်ဆုများတွင် (၆၇)ကြိမ်မြောက် ကမ္ဘာ့ လွတ်လပ်သော မီဒီယာ
သူရဲကောင်းဆု (67th World Press Freedom Hero) ကို ဆီးရီးယား မီဒီယာနှင့် လွတ်လပ်စွာ
ထုတ်ဖော် ပြောဆိုမှု ဗဟိုဌာန(Syrian Centre for Media and Freedom of Expression) မှ
မီဒီယာဥပဒေ အကျိုးဆောင် Mr.Mazen Darwish နှင့် ၂ဝ၁၅ ခုနှစ်အတွက် လွတ်လပ်သော မီဒီယာ
ရှေ့ဆောင်ဆု (IPI 2015 Free Media Pioneer Award)ကိုMexican journalists' network
Periodistas de a Pie ( Journalists on Foot) တို့ ရရှိခဲ့ကြသည်။
No comments:
Post a Comment