Sunday, March 29, 2015

ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း ဆောင်ရွက်မည့်ရက် ပြောင်းလဲ သတိပေးချက် ထုတ်ပြန်ကြေညာ

နေပြည်တော် မတ် ၂၈
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် ပင်လယ်ပြင် လေ့ကျင့်ခန်းများအား ယခင် ကြေညာထားသည့် မတ် ၂၇ ရက်မှ ဧပြီ ၆ ရက်(အစား) မတ် ၃၁ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြောင်းလဲ ပြုလုပ်သွားမည် ဖြစ်ပြီး ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း များအား မာန်အောင်ကျွန်း အနောက်ဘက် ရေပြင်တွင် လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်သည်။


လေ့ကျင့်ခန်း ဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃ဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point DD မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၃ဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအတိုင်း ပြင်ဆင် သတ်မှတ် ထားရှိပြီး ဖြစ်ကြောင်း ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့ကို ထုတ်ပြန် ကြေညာ ထားရှိပြီး ဖြစ်သည်။
သို့ဖြစ်ရာ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘော ကြီး/ငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment