Tuesday, March 24, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် International Republican Institute(IRI) ၏ ဥက္ကဋ္ဌသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





 


နေပြည်တော် မတ် ၂၄
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် International Republican Institute (IRI) ၏ ဥက္ကဋ္ဌသံအမတ်ကြီး Mark Green ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ရေး အတွက် ဆောင်ရွက်နေ သည့်ကိစ္စရပ်များ၊ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်ပေး နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment