နေပြည်တော် မတ် ၂၄
၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် အမှတ်(၃၈)အစုန် မြစ်ကြီးနား- မန္တလေးရထားဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှကလေးငယ် (၁၄)ဦးအား ရန်ကုန်မြို့ရှိ “ထွန်း” ဘော်ဒါဆောင်သို့ အဌမတန်း တက်ရောက်ရန်အတွက် သွားရောက်အပ်နှံရန် ဝိုင်းမော်မြို့နယ်၊ ခါရှိ ကျေးရွာနေ သင်းအုပ်ဆရာ ဦးလာမြာဆာ(၄၂)နှစ်မှ ခေါ်ဆောင်လာစဉ် မြစ်ကြီးနား မြို့နယ်၊ နန်းကွေ့ဘူတာနှင့် ပြည်ထောင်ဘူတာကြားအရောက် ကလေးငယ်(၁၄)ဦးအနက် ဝိုင်းမော်မြို့နယ်၊ သာဂရ၊ (၄)ရပ်ကွက်နေ မောင်ဇီတာ(၁၃)နှစ်မှာ မိခင်ဖြစ်သူနှင့်မခွဲနိုင်သောကြောင့်
ရန်ကုန်မြို့သို့ မလိုက်လို၍ ရထားပေါ်မှခုန် ဆင်းသွားကြောင်း ရထားလုံခြုံရေးလိုက်ပါလာသည့် ရထားရဲတပ်ဖွဲ့၊ အမှတ်(၁)တပ်ခွဲ၊ မြစ်ကြီးနားရထား ရဲစခန်းမှတပ်ဖွဲ့ဝင်များထံသို့ ယင်းနေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ဦးလာမြာဆာမှ လာရောက် အကြောင်းကြားခဲ့သည်။
ထိုသို့အကြောင်းကြားချက်အရ မောင်ဇီတာအား လိုက်လံရှာဖွေရန် နေ့လယ် ၁ နာရီအချိန် မရမ်းဘူတာသို့ ရထားဆိုက်ရောက်စဉ် ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်သည့် မြစ်ကြီးနားရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဦးလာမြာဆာနှင့်အတူ မရမ်းဘူတာတွင်ရပ်တန့်ထားသည့် (APT)မိုင်းရှင်းရထားဖြင့် ပြည်ထောင်ဘူ တာဘက်သို့ ပြန်လည်လိုက်ပါခဲ့ပြီး အမှတ်(၃၈)အစုန်ရ ထားပေါ်တွင်ကျန်ရှိသည့် ကလေးငယ် (၁၃)ဦးအား မိုးကောင်း ဘူတာသို့ ရထားဆိုက်ရောက်စဉ် တပ်စု(၂)မိုးကောင်းမှတပ်ဖွဲ့ဝင်များက ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက် ထားကာ နေ့လယ်စာကျွေးမွေးခဲ့သည်။ မြစ်ကြီးနားရထားရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ဦးလာမြာဆာ တို့ စီးနင်းလိုက်ပါလာသည့် (APT)မိုင်းရှင်းရထားသည် ပြည်ထောင်ဘူတာသို့ နေ့လယ် ၂ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး မောင်ဇီတာအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြည်ထောင်ဘူတာအနီးရှိ အမှတ်(၇)တပ်မတော် တန်းမြင့်သင်တန်းကျောင်း လုံခြုံရေးဂိတ်မှ တွေ့ရှိထိန်းသိမ်းထားကြောင်း ဘူတာ ရုံပိုင်ကြီးထံမှ စုံစမ်းသိရှိရသဖြင့် သွားရောက်ခေါ်ယူပြီး (APT) မိုင်းရှင်းရထားဖြင့် ပြန်လည်လိုက်ပါခဲ့ရာ ညနေ ၄ နာရီခွဲအချိန် မြစ်ကြီးနားဘူတာသို့ရောက်ရှိခဲ့သည်။ မိုးကောင်းဘူတာတွင် ထိန်းသိမ်း စောင့်ရှောက်ထားသည့် ကလေးငယ် (၁၃)ဦးအား တပ်စု(၂)မိုးကောင်းမှတပ်ဖွဲ့ဝင်များက မြစ်ကြီးနား ဘူတာသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် ရောက်ရှိခဲ့သဖြင့် မောင်ဇီတာ ပါ ကလေးငယ်(၁၄)ဦးအား ၎င်းတို့၏မိဘ အုပ်ထိန်းသူများထံ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ရထားရဲတပ်ဖွဲ့၊ အမှတ်(၁)တပ်ခွဲ(မြစ်ကြီးနား)ရုံးတွင် သက်သေများရှေ့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment