Tuesday, March 24, 2015

၂၀၁၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများလိုက်နာရန် စည်းကမ်းချက်များ



၂၀၁၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း တစ်နိုင်ငံလုံး အနေဖြင့် ယာဉ်မတော်တဆမှု (၃၆၀)မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူ (၉၁၇)ဦး၊ သေဆုံးသူ (၉၄)ဦး ရှိခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း တွေ့ရှိ ရပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှု ကြောင့် ထိခိုက်နစ်နာမှုမ ရှိစေရေး၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးတို့အတွက် ယာဉ်မောင်းသူများအနေဖြင့် အောက်ပါ စည်းကမ်း ချက်များအား တိကျစွာ လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
၁။           မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်း မပြုရ။
၂။           အပျော်လွန်ကျူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်း မပြုရ။
၃။           ယာဉ်နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်း မပြုရ။
၎။           ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်၍မောင်းနှင်ခြင်း မပြုရ။
၅။           ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များအား မောင်းနှင်ခြင်း မပြုရ။
၆။           ယာဉ်ကြောပြောင်းပြန်စီးနင်း မောင်းနှင်ခြင်း မပြုရ။
၇။           ထရော်လာဂျီကဲ့သို့ အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်း မပြုရ။
၈။     မော်တော်ဆိုင်ကယ်များအား အိတ်ဇောပိုက်ဖြုတ်၍စီးခြင်း၊ အသံကျယ်လောင်စွာ စီးခြင်း၊ နံပါတ်မမြင် အောင် တွန့်ခေါက်၍စီးခြင်း၊ ရှေ့/နောက်နံပါတ်ပြားမပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍စီးခြင်း၊ ဆိုင်ကယ်စီး ဦးထုပ် မပါဘဲစီးခြင်းများ မပြုရ။
၉။           သံစုံဟွန်းများ တပ်ဆင်ကာ အသုံးမပြုရ။
၁၀။         မော်တော်ယာဉ်များတွင် ညစ်ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြား မသင့်လျော် သောပစ္စည်းများ ရေးသားချိတ် ဆွဲ၍ မောင်းနှင်ခြင်း မပြုရ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့

No comments:

Post a Comment