Friday, March 20, 2015

ကြွေးမြီတွေနဲ့ပတ်သက်ပြီးတော့ လူတစ်ဦးချင်း ဘယ်လောက် အကြွေးတွေ တင်နေပြီလို့ သတ်မှတ်တဲ့ Indicator လို အညွှန်းကိန်းကို နိုင်ငံတကာမှာ တရားဝင်သုံးစွဲထားတာ မရှိပါဘူး



ဦးဝင်ရှိန်
(ယမန်နေ့မှအဆက်)
အစိုးရသစ်ကာလ မတိုင်မီမှာရှိတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၄၄၁ ဘီလီယံ အနက် ဒသမ ၉၅၆ ဘီလီယံကို ပြန်ဆပ်လိုက် တဲ့အတွက် ကြွေးမြီဟာ ဒသမ ၄၈၅ ဘီလီယံ လောက်သာ ကျန်ရှိပါတယ်။
ဒီလိုကြွေးမြီတွေ ရှင်းပြီးတဲ့ကာလမှာ သက်ဆိုင် ရာကမ္ဘာ့ အဖွဲ့အစည်းတွေဖြစ် တဲ့ World BankADBအစရှိတဲ့ဆီက မြန်မာနိုင်ငံ ဟာ အပြည်ပြည် ဆိုင်ရာ အသိုက်အဝန်းထဲကို ဝင်ရောက်ပြီးတော့ ပူးပေါင်းဆက်ဆံမှုတွေရရှိခဲ့ပါတယ်။

ခုနကျွန်တော်ပြောခဲ့သလို ကြွေးမြီတွေ ရှင်းပြီး တဲ့အခါမှာ၊ သက်ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းတွေ ဖြစ်တဲ့ World BankADBတို့ကနေ ချေးငွေ တွေပြန်ရလာတယ်။ ထို့အတူParis Club နဲ့ ဆက်စပ်တဲ့ကြွေးမြီတွေရှင်းပြီး တဲ့အခါမှာ ဥရောပ သမဂ္ဂအပါအဝင် အခြားသောနိုင်ငံတွေကလည်း အထောက်အပံ့တွေ ပေးခဲ့ကြတယ်။ အဲဒီလိုရရှိလာ တာကြောင့် နိုင်ငံအတွက် အများကြီးအကူအညီ အထောက်အပံ့တွေ ဖြစ်လာတယ်။
ကြွေးမြီကို ကျွန်တော်တို့ ဆပ်လိုက်ပြီးနောက် ကျန်တဲ့ငွေဟာ ဒသမ ၄၈၅ ဘီလီယံပဲကျန်ပါ တယ်။ အဲဒီနောက်ပိုင်းမှာ သက်ဆိုင်ရာနိုင်ငံများ၊ အဖွဲ့အစည်းများက ချေးငွေကို ဆက်လက်ပေးအပ် လာပါတယ်။ ပေးတဲ့အခါ မှာ သက်သာသော ချေး ငွေတွေပါတယ်။ နောက်တစ်ခု ကူးသန်းရောင်းဝယ် ရေးချေးငွေတွေဟာ မယူသင့်ဘူးဆိုပေမယ့်လည်း ကျွန်တော်တို့က ယခင်ကာလက ယူခဲ့တာတွေကို ဆက်ပြီးတော့တာဝန်ယူ ခဲ့ရတာတွေရှိ တယ်။ အဲဒီ တော့ ဒီနေရာမှာ ဖြတ်ပြီးပြောရမယ်ဆိုလို့ရှိရင် ဒီချေးငွေတွေနဲ့ ပတ်သက်တဲ့ ကြွေးမြီတွေရယူတာ၊ ချေးငွေတွေကို ပြန်ဆပ်ရမယ့်တာဝန်ဟာ နိုင်ငံ တော်မှာ တာဝန်ရှိတယ်။ အဲဒီတော့ မိမိတို့နိုင်ငံ အတွက်ကို သက်သာသောချေးငွေနဲ့ နိုင်ငံတကာမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်တာ နိုင်ငံတိုင်းရဲ့ သဘာဝပဲဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံမှာကြည့်လည်း ဒီအတိုင်းပါပဲ။ ODA Loans တွေ ရအောင်ယူကြ တယ်။ ကျွန်တော် တို့ ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ODA Loansယူတဲ့ ဂျပန်နိုင်ငံကိုလည်း ရည်ညွှန်း ပြီး ပြောရမယ်။ အတိုးနှုန်းက ဒသမ ဝ၁ ရာခိုင် နှုန်း၊ ချေးငွေသက်တမ်းက နှစ် ၄ဝ ဆိုတော့ ဒီလောက်သက်သာတဲ့အတိုးနှုန်းနဲ့ နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယူသင့်သလား၊ မယူသင့် ဘူးလားဆိုတာ ကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါ တယ်။ နောက်တစ်ခါ ဒီလိုသက်သာတဲ့ World Bank ချေးငွေက အတိုးနှုန်းမရှိပေမယ့် စီမံခန့်ခွဲ မှုစရိတ်နဲ့ တစ်နှစ်ကို ဒသမ ၇၅ ရာခိုင်နှုန်း သက်တမ်းက ၃၈ နှစ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကို ကမ္ဘာ့ဘဏ်က အဖွဲ့ဝင်နိုင်ငံတွေ ထည့် ထားတဲ့ Share တွေထဲကနေ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီ ODA ချေးငွေနဲ့ နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ဖို့ နိုင်ငံတော်ရဲ့ အဓိက ဦးတည်ချက်ထားတဲ့ ဦးစားပေးအစီအစဉ်ထဲမှာ ပါတဲ့ လုပ်ငန်းတွေနဲ့ ဆောင်ရွက်ဖို့၊ ဘတ်ဂျက်နဲ့ မဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဓိကထားပြီး ယူရတာဖြစ်တယ်။ ဒါပေမယ့် ဒီအစိုးရသစ်ကာ လမှာ လွှတ်တော်တွေ ပေါ်ပေါက် လာပြီးတဲ့အခါ ချေးငွေတွေရယူဖို့ ကျွန်တော်တို့ အစိုးရရဲ့ သဘောထားနဲ့ ယူလို့မရပါဘူး၊ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက်၊ အတည်ပြုချက်ရယူရပါတယ်။ အဲ့ဒါကြောင့် လွှတ် တော်ရဲ့ အတည်ပြုချက်ကို တင်ပြပြီးမှ ယူရပါတယ်။
အခုအချိန်ထိ ပြည်ထောင်စုလွှတ်တော် ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ယူ ထားတဲ့ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ကျွန်တော် တင်ပြခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်၊JICA တရုတ်၊ အိန္ဒိယ၊ အီတလီ စသည်ဖြင့် အဲဒီချေးငွေတွေအားလုံးဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ချေးငွေတွေပါ။
အမေရိကန်ဒေါ်လာ ၄၅၅၆ ဒသမ ၉၅၉ သန်း သို့မဟုတ် ဒသမ ၅၆ ဘီလီယံကျော် ရှိနေတယ်။ ဒီငွေတွေများလှချည်လားလို့ထင်ရမှာပါ။ ဒါတွေဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာပဲ ရှိပါတယ်။ ဒီအစိုးရသစ်ကာလမှာ တကယ်တမ်း ငွေ ထုတ်ယူသုံးစွဲတာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်ပဲရှိပါတယ်။ ဒါဟာ ချေးငွေဆိုတာ သူတို့ပေးတဲ့ ဒီလို ဘီလီယံနဲ့ချီတဲ့ချေးငွေဆိုတာ တစ်နှစ်တည်း အတွက်မဟုတ်ဘူး၊ နှစ်အဆက်ဆက်၊ ဘယ်နှစ်မှာ ဘယ်လောက်ပေးမယ် ဆိုပြီး သတ်မှတ်ပြီးပေးလိုက်တာ ဖြစ်တယ်။ နောက်အစိုးရပြောင်းသွားရင် နောက် အစိုးရအဆက်ဆက်က ဒီချေးငွေတွေကို ဆက်လက် လက်ခံရယူသွားရမယ့် အနေအထားဖြစ်ပါတယ်။
ထို့အတူ လုပ်သင့်လုပ်ထိုက်တဲ့ ဒီချေးငွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေဟာ နောက်အစိုးရက လုပ် သင့်လုပ်ထိုက်တယ်ဆိုရင် ဆက်လုပ်မယ်။ မလုပ်သင့် မလုပ်ထိုက်ဘူးဆိုရင် ပြောင်းနိုင်တယ်။ ဒါပေမယ့် ဒီချေးငွေဟာ သတ်မှတ်တဲ့ ကာလအတွင်းမှာ ယူကိုယူ ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့လိုပဲ ဥပမာ ချေးငွေပေးတဲ့နိုင်ငံ၊ ဥပမာ ဂျပန် နိုင်ငံချေးငွေပေး မယ် ဆိုရင် ဒီအတိုင်းပေးလို့မရပါဘူး။ သူတို့မှာလည်း သူတို့လွှတ်တော် ရှိပါတယ်။ မြန်မာ နိုင်ငံကို ထောက်ပံ့ဖို့ လွှတ်တော်က အတည်ပြုချက် ရယူရပါတယ်။ သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဒါကိုတော့လည်း သူတို့ ဘက်မှာ ဖြည့်ဆည်းရပါတယ်။
ကျွန်တော်တို့ဘက်မှာလည်း ပြည်ထောင်စုလွှတ် တော်က အတည်ပြုချက် ရယူပြီး ရင် သက်ဆိုင်ရာ ချေးငွေပေးတဲ့နိုင်ငံတွေဆီကနေ သူတို့သတ်မှတ်တဲ့ Procedure တွေကို လုပ်ပြီးတဲ့အခါ သတ်မှတ်တဲ့ ချေးငွေသဘောတူ ညီချက်ချုပ် ဆိုရပါတယ်၊ လုပ်ရတဲ့ အဆင့်တွေက အများကြီးရှိတဲ့အတွက် ချေးငွေကို ချက်ချင်းမရပါဘူး၊ ဒါကြောင့် ကျွန်တော်တင်ပြခဲ့သလို အတည်ပြုထားတဲ့ လွှတ်တော်ကာလအတွင်းမှာ ချေးငွေတွေယူပါမယ်လို့ အတည်ပြုထားတဲ့ဟာသည် လေးဘီလီယံလောက်ရှိပေမယ့်လို့ တကယ်တမ်း ချေးငွေစာချုပ်ချုပ်ပြီးတာ တစ်ဝက်လောက်ပဲ ရှိပါ တယ်။
ထို့အတူပဲ တကယ်ငွေသား ထုတ်ပြီးသုံးတဲ့ ပမာဏက တော်တော်ကိုနည်း ပါတယ်။ ဒါကြောင့် ချေးငွေရယူဖို့ ပြည်ထောင်စုလွှတ်တော်မှာ အတည် ပြုချက်ရယူတာ မစဉ်းမစားဘဲ လုပ်တာလား၊ အနာ ဂတ်ကို မကြည့်ဘူးဆိုတာ မဟုတ်ဘူးလို့ ကျွန်တော် ပြောလိုပါတယ်။ ဒီချေးငွေရယူဖို့အတွက် တစ်ဖက်က ချေးပေးတဲ့နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းကို ဖြည့်ဆည်းဖို့ အတွက် ဆောင်ရွက်ရသလို ကျွန်တော်တို့ဘက်က လည်း ကျွန်တော်တို့ရဲ့Procedure တွေကို သူတို့ Procedure တွေနဲ့ လိုက်အောင်လုပ်ပေးရတာ၊ ဒါ တွေဟာ ပမာဏများသော်လည်း ချက်ချင်းမရပါဘူး၊ ကျွန်တော်တို့အစိုးရတစ်ဖွဲ့တည်း သုံးမှာမဟုတ်ပါဘူး။ နောင် အစိုးရအဆက်ဆက်လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို ဆက်လုပ်ပြီး မလုပ်သင့်သေးဘူးဆို လည်း ဒါတွေကို ပြန်လည်ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲ သုံးစွဲသွားရမယ့် အနေအထားဖြစ်ပါတယ်။ အဓိက ကတော့ ထိရောက်တဲ့ ချေးငွေဖြစ်ရမယ်။ ပြန်ရချက် တွေရှိရမယ်။ နိုင်ငံတော်အတွက် အကျိုးဖြစ်တဲ့ချေးငွေ ဖြစ်ရမယ်။
အရေးကြီးတာက ဒီချေးငွေတွေကို စနစ်တကျ ကြပ်မတ်ပြီး ထိရောက်အောင် သုံးစွဲဖို့လိုပါတယ်။ လွှတ်တော်က ထောက်ပြသလို ထိရောက်တဲ့ ချေးငွေ ဖြစ်အောင် ကျွန်တော်တို့တွေ ကြိုးပမ်းဆောင်ရွက်ရ မယ်။ ထို့အတူ ပြန်ဆပ်နိုင်စွမ်းရှိအောင်လည်း ပြင်ဆင် ရမှာ ဖြစ်ပါတယ်။ တချို့ချေးငွေတွေ ဟာ ပြန်ရနိုင် တဲ့ ချေးငွေတွေဖြစ်ပြီး စီးပွားရေးလုပ်ငန်း တွေကနေ ပြန်ရနိုင်တဲ့ ချေးငွေဖြစ်သလို တချို့က နိုင်ငံတော် အနေနဲ့ စိုက်ထုတ်ပေး လိုက်ရတာရှိပါတယ်။ ဥပမာ တံတားတွေဆောက်၊ လမ်းတွေဖောက်ပေး လိုက်ရ တာတွေရှိပါတယ်။ ဒါတွေက ပြန်ရဖို့အတွက် ယူတာ မဟုတ်ပါ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယူရ တာဖြစ်ပါတယ်။ Subsidize လို့ခေါ်တဲ့ နိုင်ငံတော်က ပြည်သူလူထုအကျိုးအတွက် မျှဝေကျခံတဲ့ဟာတွေက ပြန်ရချက်မရှိပါဘူး။
တစ်ဖက်ကလည်း ချေးငွေတွေ ပြန်ဆပ်ဖို့ တာဝန်ရှိတဲ့အတွက် ဒီချေးငွေတွေကို ဆပ်နိုင်တဲ့ ပမာဏရှိတဲ့ ဝင်ငွေရအောင် နိုင်ငံတော်က ကြိုးစား ရပါတယ်။ လက်ရှိဘတ်ဂျက်အနေအထားအရ နိုင်ငံ တော်ရဲ့အခွန်အကောက်ရငွေတိုးတက်အောင် လုပ် ရမယ်။ ရသင့်ရထိုက်တဲ့ ငွေတွေရအောင်လုပ်ရမယ်။ နိုင်ငံတော်ရဲ့ပေးဆပ်ရမယ့်ချေးငွေတွေကို နှစ်အလိုက် ပေးဆပ်နိုင်အောင် ပြင်ဆင်ပေးရမယ်။ အလားတူပဲ ဒီချေးငွေတွေရှိလို့ နိုင်ငံတော်က ကြွေးမြီထဲမှာနစ်နေပြီ၊ လူတစ်ဦးချင်းကို ဒီချေးငွေတွေရှိတဲ့ ပမာဏကို တိုင်းပြည်လူဦးရေ ၅၁ သန်းနဲ့ စားလိုက်ပြီးတော့ ကြွေးမြီဘယ် လောက်ရှိပြီဆိုတာ တကယ်တမ်းကျ တော့ အဲဒီခုနပြောတဲ့ ကိန်းဂဏန်းကို လူဦးရေနဲ့ စားတဲ့ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်ပါတယ်။
လူတစ်ဦးချင်းပြန်ဆပ်ရမယ့် အနေအထားလို့ သွယ်ဝိုက်ပြီးတော့ ယူဆပြီးပြောတဲ့ စကားဖြစ်ပါတယ်။ တကယ်တမ်း ကြွေးမြီတွေနဲ့ ပတ်သက်ပြီးတော့ လူတစ်ဦးချင်းဘယ်လောက်အကြွေးတွေ တင်နေပြီလို့ သတ်မှတ်တဲ့ Indicator လို့ခေါ်တဲ့ အညွှန်းကိန်းကို နိုင်ငံတကာမှာ တရားဝင်သုံးစွဲထားတာမရှိပါဘူး။ တရားဝင်သုံးစွဲနေတဲ့ ပြည်ပကြွေးမြီနဲ့ GDP အချိုး၊ ပြည်ပကြွေးမြီနဲ့ ပြည်ပပို့ကုန်ရငွေအချိုး၊ ပြည်ပ ကြွေး မြီနဲ့ စုစုပေါင်းရငွေအချိုး၊ ပြည်ပကြွေးမြီပေးဆပ်မှုနဲ့ ပြည်ပပို့ကုန် ရငွေအချိုး၊ ပြည်ပကြွေးမြီ ပေးဆပ်မှုနဲ့ စုစုပေါင်းရငွေအချိုး၊ ဒါတွေဟာ နိုင်ငံတကာစံနှုန်းနဲ့ အညီ ဒီချေးငွေတွေကို စောင့်ကြပ်ပေးကြတာဖြစ် ပါတယ်။
ဒါကြောင့် လက်ရှိအနေအထားမှာ ကျွန်တော် တို့ဒီနေ့အထိ ကြွေးမြီဆပ်ပြီးတဲ့နောက်ပိုင်းမှာ လက်ရှိ ကြွေးမြီ ချေးငွေပမာဏ ၃ဝ--၂ဝ၁၄ စာရင်းအရ အမေရိကန်ဒေါ်လာ ဒသမ ၃၇၃ ဘီလီယံပဲရှိပါ တယ်။ ပမာဏက လျော့သွားတဲ့အနေအထားဖြစ်ပါ တယ်။နောက်တစ်ခုက ကမ္ဘာ့နိုင်ငံ အတော်များများမှာ လည်း ကြွေးမြီတွေရှိပါတယ်။ သူတို့ယူတာကတော့ ဒီချေးငွေရယူပြီးတော့ ငွေတွေတိုးပွားရရှိအောင် ရင်းနှီးမြှုပ်နှံကြတာပါ။ ကိုယ့်ပိုက်ဆံကို သုံးမယ့် အစား သက်သာတဲ့အတိုးနှုန်းချေးငွေကို ရယူပြီး တခြားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြပြီး ပိုပြီးတော့ဝင်ငွေ တိုးတက်အောင်လုပ်ကြတာပါ။
ထို့အတူ အရှေ့တောင်အာရှနိုင်ငံတွေမှာ အကြမ်းဖျင်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာစာရင်းအရ ကမ္ဘောဒီးယားမှာ ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ၃၁ ဒသမ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှာ ၂၅ ဒသမ ရာခိုင်နှုန်း၊ လာအိုမှာ ၆၆ ဒသမ ရာခိုင်နှုန်း၊ မလေးရှားမှာ ၃၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်မှာ ၂၆ ဒသမ ရာခိုင်နှုန်း၊ ထိုင်းမှာ ၃၅ ဒသမ ရာခိုင်နှုန်း၊ ဗီယက်နမ်မှာ ၄ဝ ဒသမ ရာခိုင်နှုန်းရှိပါတယ်။ ဆိုလိုတာက နိုင်ငံတိုင်းဟာ ကိုယ့်အတိုင်းအတာနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် အောင် ပြည်ပချေးငွေတွေရယူပြီး ဖွံ့ဖြိုးတိုးတက် အောင် လုပ်နေကြတာဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားဟာ IMF ရဲ့ သတ်မှတ်ချက်အရ ကြွေးမြီခံနိုင်ရည်ရှိတယ်။ ဆုံးရှုံးနိုင်ခြေနည်းပါးတဲ့အဆင့်မှာ ရှိတယ်လို့ တွက်ဆထားပါတယ်။ ဒါက IMF ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ သုံးသပ်ချက်ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လက်ရှိအနေအထားမှာ ကြွေးမြီ ခံနိုင်ရည်ရှိတယ်။ သို့သော် ခံနိုင်ရည်ရှိတိုင်း ချေးငွေကို လက်လွတ်စပယ် ယူသလားဆိုတော့ မယူပါဘူး။ စနစ်တကျထိန်းကျောင်းပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြည်တွင်းပြည်ပက ချေးငွေရယူဖို့ပြဋ္ဌာန်းထား ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့က အခြေခံဥပဒေနဲ့အညီ ပြည်သူ့ လွှတ်တော်ကို တင်ပြပြီး ရယူရပါတယ်။
နောက်တစ်ပိုင်းက ပြည်တွင်းချေးငွေပါ။ ပြည် တွင်းချေးငွေဆိုတာက နှစ်စဉ်ဘတ်ဂျက် လိုငွေ ဖြည့်ဆည်းတာတွေ၊ နောက်တစ်ခါ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း တာ ပြည်တွင်းချေးငွေ လို့သတ် မှတ်ပြီး ဒါတွေက ကျွန်တော်တို့ထုတ်ဝေတဲ့ ငွေတိုက်စာချုပ်၊ ငွေတိုက် လက်မှတ်တွေကို ဗဟိုဘဏ်ကနေ ထုတ်ရောင်းပြီး တော့ ဖြည့်ဆည်းပေးရပါတယ်။ ပြည်တွင်းချေးငွေ ဟာ ၂ဝ၁၁-၂ဝ၁၂ အစိုးရသစ်တက်တဲ့ကာလ အတွင်းမှာ ကျပ် ၉၉၃၈ ဘီလီယံရှိပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ရဲ့ ၃ဝ--၂ဝ၁၄ ရက်နေ့အထိ ကျပ် ၁ဝ၈၁၅ ဘီလီယံရှိပါတယ်။ ပြည်တွင်းပြည်ပ ကြွေးမြီတွေကို ထိန်းကျောင်းဖို့လို ပါတယ်။ကျွန်တော် တို့နိုင်ငံရဲ့ အဓိကရငွေကတော့ အခွန်အကောက် ရငွေ၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ ဝင်ငွေဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း များက ဝင်ငွေတွေကိုလည်း တိုးတက်ရရှိအောင် ကြိုးစားရပါတယ်။ တစ်ဖက်ကလည်း ဝန်ကြီးဌာန တွေရဲ့ သုံးစွဲတဲ့အသုံးစရိတ်တွေကို စိစစ်ပြီး စနစ် တကျသုံးစွဲပြီး လိုငွေပေါ်ပေါက်မှုကို လျှော့ချရပါ မယ်။ တစ်ဖက်ကလည်း ဘတ်ဂျက်လိုအပ်နေတဲ့ နိုင်ငံဖြစ်တဲ့အ တွက် ပြည်ပနိုင်ငံများက သက်သာတဲ့ ချေးငွေတွေကို အဓိကဦးစားပေးပြီး ရယူဖို့ လိုအပ် ပါတယ်။ ဒီငွေတွေနဲ့ ထိရောက်စွာ သုံးစွဲဖို့ဖြစ်ပါ တယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ချေးငွေတွေရယူ တာဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ပြည်သူလူထုအတွက် လိုအပ်တဲ့အထောက်အပံ့ ရရှိဖို့ဆောင်ရွက်ရတာဖြစ်ပါ တယ်။ ထို့အတူ ဘဏ္ဍာ ရေးဝန်ကြီးဌာနကလည်း ချေးငွေကို အမြဲတမ်း ထိန်းကျောင်းကြပ်မတ်ပြီး အစိုးရဘက်ကလည်း ထိရောက်သော ချေးငွေသုံးစွဲမှုတွေဖြစ်ဖို့ ရလဒ် ကောင်းဖို့ နိုင်ငံတော်အတွက် ရည်မှန်းထားတဲ့ ရည် ရွယ်ချက်တွေ၊ ချေးငွေနဲ့ ရယူဆောင်ရွက်ရတဲ့ လုပ်ငန်း တာဝန်တွေ အောင်မြင်အောင် ဆောင်ရွက်ရန် ကြိုး ပမ်းကြပ်မတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment