ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့သည် (၇) ကြိမ်မြောက် ဆွေးနွေးပွဲအား မတ် ၁၇ ရက်မှ စတင်ခဲ့ပြီး ယနေ့တွင် တတိယမြောက်နေ့ အဖြစ် MPC တွင် ဆက်လက် ပြုလုပ်နေသည်။
ယနေ့ တတိယနေ့အစည်း အဝေးအပြီးတွင် MPC မှ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ အစီအစဉ်၏ တွဲ ဖက် ဒါရိုက်တာ ဦးအောင်နိုင်ဦး၊ NCCT အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်း (ချင်းအမျိုးသားတပ်ဦး-CNF) နှင့် ဒေါ်စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ -ALP) တို့က မီဒီယာများနှင့်တွေ့ ဆုံ၍ ရှင်းလင်းပြောကြားခဲ့သည်။၎င်းတို့၏ ရှင်းလင်းချက်များအား ကောက်နုတ်ဖော်ပြပါသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်း
ဆာခေါင်း (အဖွဲ့ဝင်)
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့
(NCCT)
ဒီနေ့ ဆွေးနွေးပွဲက တော်တော် များများရှေ့ရောက်ပါတယ်။ အဆင် ပြေတဲ့ အပိုင်းတွေလည်းအများကြီး ရှိပါတယ်။ ကျွန်တော်တို့က (၇) ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့အစီအစဉ်သုံးခုထဲက ပဋိပက္ခ လျှော့ချရေးကိုဆွေးနွေးပြီးပြီ။ တပ် ပိုင်းဆိုင်ရာ ကိစ္စအားလုံးကိုလည်း ဆွေးနွေးပြီးပြီ။ ဒီနေ့မှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်း (Singal Text) ကို ကျွန်တော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်။ အဲဒီမှာ အခန်း (၇) ခန်းပါဝင်ပါတယ်။ အဲဒီမှာ ကျွန်တော် တို့ အခန်းတစ်ကနေ ငါးအထိကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ''တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တော်လှန်ရေးကိုအခြေခံသော နိုင်ငံ ရေးဆန္ဒကို အသိအမှတ်ပြုသော အားဖြင့်'' ဆိုတဲ့စကားလုံးတွေက အရင်ကဆို တစ်ဆို့နေတဲ့ စကားလုံး တွေဖြစ်ပေမဲ့ အခုတော့ ပြေလည် သွားပါပြီ။ ''တော်လှန်ရေး'' ဆိုတဲ့ စကားလုံးကို လက်ခံလိုက်တယ်ဆို ကတည်းက ဆွေးနွေးပွဲအခြေအနေ က တော်တော်လေးကို တိုးတက်လာ တယ်လို့ ကျွန်တော်တို့သုံးသပ်လို့ ရပါတယ်။
ဆက်ပြီးတော့ ဆွေးနွေးဖို့ ကျန် နေတဲ့ အချက်တစ်ချက်ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးလို့ရှိရင် အဲဒီစာချုပ် ကို ကျွန်တော်တို့ ပူးတွဲအကောင် အထည်ဖော်ဖို့ကိစ္စနဲ့ ဆက်လက် ဆောင်ရွက်ရမယ့်ကိစ္စ အဲဒါတွေ အတွက် ဘာတွေဆက်လုပ်မယ်ဆို တဲ့ Structure (ဖွဲ့စည်းမှုပုံသဏ္ဌာန်)အပိုင်းမှာ ကော်မတီနာမည်ကို ဆက်ဆွေးနွေးဖို့ရှိမယ်။ ဒါက နံပါတ်တစ်။ ဒုတိယအနေနဲ့ Road Map ကို ကျွန်တော်တို့ ဆက်ဆွေး နွေးပါမယ်။
အားလုံးသိတဲ့အတိုင်း စက်တင် ဘာလတုန်းက Road Map (လမ်းပြ မြေပုံ) ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေး ဖို့ ကျွန်တော်တို့ အများကြီးတုံ့ဆိုင်း ခဲ့ရတယ်။ ဒီနေ့မှာတော့ အစိုးရ ဘက်က ပြန်ပြီးတင်ပြတာက လုံခြုံ ရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းကို Road Map အဆင့်အနေနဲ့ မဟုတ်ဘဲ အမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲမှာဆွေးနွေးမှရမယ်ဆိုတဲ့ အကြောင်းအရာပုံစံမျိုးနဲ့ ပြန်ပြီးတော့တင်ပြတဲ့အတွက် ဒါက တိုးတက်မှုလို့ ကျွန်တော်မြင်ပါတယ်။ ဒါကိုကျွန်တော်တို့ NCCT အတွင်း မှာ ဒီည ပြန်ပြီးတော့ စကားလုံး အနေအထားနဲ့ အရေးအသားကို အသေးစိတ် ပြန်ပြီးဆွေးနွေးမယ်။ မနက်ဖြန်ဆွေးနွေးပွဲမှာ Raod Map ကိစ္စကိုသေချာပြန် ဆွေးနွေး မယ်။ ပြီးတော့ Structure နဲ့ ပတ် သတ်ပြီးတော့ အစိုးရဘက်က ကျွန် တော်တို့ ပြန်တင်ပြတဲ့ဟာကို လက်ခံ ခြင်း ရှိ၊ မရှိဆိုတာကို မနက်ဖြန်မှာ အတည်ပြုမယ်။ ကျွန်တော်တို့ ဘက်က ကြည့်ရတာကတော့ သူတို့ လက်ခံမယ့် အလားအလာ ရှိတယ် လို့ မြင်တယ်။ ကျန်တဲ့ အပိုင်းက တော့ မူကြမ်းမှာပါတဲ့အခန်း (၆) နဲ့ (၇)ရှိမယ်။ အခန်း (၆) နဲ့ (၇) က တော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲဆိုင်ရာ ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် Road Map ကို သဘော တူရင် ကျန်တဲ့အပိုင်းတွေက မခက် တော့ပါဘူး။ အဆင်ချောမယ်လို့ ကျွန်တော်မြင်ပါတယ်။ မနက်ဖြန် ဆွေးနွေးပွဲ အောင်မြင်မယ်လို့ လည်း မျှော်လင့်တယ်။
ဦးအောင်နိုင်ဦး
(တွဲဖက်ဒါရိုက်တာ)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစီအစဉ်
မြန်မာနိုင်ငံငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေးလုပ်ငန်း
ဗဟိုဌာန(MPC)
ဒီနေ့ဆိုရင် အပိုဒ်တစ်ပိုဒ်ပြီး တစ်ပိုဒ် ဆွေးနွေးပြီးပြီဆိုတိုင်း လက်ခုပ်သံတွေ အများကြီးကြားရ တယ်။ ဆွေးနွေးနေတဲ့ အချက်တွေ ကို မူအားဖြင့်သဘောတူညီမှု ရပြီး တိုင်း ကျွန်တော်တို့ လက်ခုပ်တီး ကြတယ်။ တကယ်လို့ အခန်း တစ်ခန်းလုံး ဆွေးနွေးပြီးရင်တော့ အနားယူကြပါတယ်။ ဒီနေ့ဆိုရင် အပြုံးတွေ တော်တော်များများ လက်ခုပ်သံတွေ တော်တော်များများ တွေ့ရ ကြားရပါတယ်။
မနက်ဖြန်မှာ Road Map ကိစ္စ၊ Structure ပိုင်းကို အတည်ပြု ဖို့ ကိစ္စတွေကို ဆွေးနွေးမယ်။ Structure ဆိုတာက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (Nationwide Ceasefire Agreement-NCA)
ပြီးရင် နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းများ (Military CoC)၊ အဲ့ဒီစည်းမျဉ်း စည်းကမ်း တွေကို စောင့်ကြည့်မယ့် ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (Joint Monitering Committee) ဖွဲ့စည်း ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ် နိုင်ဖို့ ဘယ်လိုဖွဲ့စည်းပုံနဲ့ သွားမလဲ ဆိုတာကို ဆွေးနွေးတာဟာ Structure ဖြစ်ပါတယ်။ ဒီအပေါ်မှာ အားလုံးနှစ်ဖက် အယူအဆတွေက အတော်တူလာပါပြီ။ မနက်ဖြန်မှာ ဒါကိုဆွေးနွေးနိုင်ရင် မူအားဖြင့် သဘောတူညီမှုတွေ အတော်လေးကို ချောချောမွေ့မွေ့ ဖြစ်သွားပါပြီ။
ဒေါ်စောမြရာဇာလင်း
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)
သုံးရက်တာ ဆွေးနွေးပွဲဟာ တော်တော့်ကို အဆင်ပြေချောမွေ့ပါ တယ်။ နှစ်ဖက်ဆွေးနွေးတဲ့ ပုံစံမျိုး မဟုတ်ဘဲ ရှေ့ကို နိုင်ငံရေး တစ်လှမ်း တက်ဖို့ ဆွေးနွေးကြရာမှာ မိသားစု တစ်ခုလို နိုင်ငံတော်အတွက် အင်မတန်မှ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ် အချင်းချင်း အင်မတန်မှ ဝမ်းသာ ဖို့ကောင်းတယ်။ ရှေ့ကို တစ်လှမ်း တက်ဖို့အတွက် အနေအထားတွေ အများကြီးရှိပါတယ်။ လမ်းပြမြေပုံ အပိုင်းကို ကျွန်မတို့ သွားနေပါပြီ။ ဒီအခါမှာ ကျွန်မတို့ အရမ်းကြီး တစ်ဆို့မှု ဖြစ်လိမ့်မယ်လို့ မယူဆပါ ဘူး။ အထစ်အငေါ့တွေအားလုံးကို ချောချောမွေ့မွေ့နဲ့ ရှေ့ကို တစ်လှမ်း တက်နိုင်ဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်မအနေနဲ့ ပြောချင်တယ်။ အကောင်းဆုံးကိုပဲ မျှော်လင့်နေကြ ပါလို့ သတင်းကောင်းပါးချင်ပါတယ်။

No comments:
Post a Comment