ဦးဝင်းရှိန်
နိုင်ငံတော်တွင် တည်ရှိနေသည့် ချေးငွေများနှင့်
ဆက်စပ်ဖြစ်ပေါ်လာသည့် ပြည်ပကြွေးမြီချေးငွေ၊ ပြည်တွင်းကြွေးမြီ ချေးငွေ များနှင့် ဆက်စပ်၍
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် တွေ့ဆုံမေးမြန်း ပြောကြားချက်များ ကို
ဖော်ပြအပ်ပါသည်။
မင်္ဂလာပါ
ကျွန်တော့်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့
ပြည်ပနိုင်ငံများက ချေးငွေအထောက်အပံ့ ရယူမှုကိစ္စတွေကို အသေးစိတ် ရှင်းလင်းတင်ပြသွားပြီး
ဖြစ်ပါတယ်။ နိုင်ငံတော်မှာ တည်ရှိနေတဲ့ ချေးငွေနဲ့ ဆက်စပ်ဖြစ်ပေါ် လာတဲ့ ပြည်ပကြွေး မြီချေးငွေ၊
ပြည်တွင်းကြွေးမြီ ချေးငွေတွေကို ဆက်စပ်ပြီးတော့ ရှင်းလင်း တင်ပြမှာဖြစ်ပါတယ်။ ဘဏ္ဍာရေး
ဝန်ကြီးဌာန အနေနဲ့ ပြည်တွင်းပြည်ပ ကြွေးမြီတွေရဲ့ နောက်ဆုံး အခြေအနေတွေကို သိရှိအောင်
မှတ်တမ်းတင် ထားရှိပြီးတော့ ကြွေး မြီတွေ ပြန်လည်ပေးဆပ်ရမယ့်ကာလ၊ ကြွေးမြီတွေရဲ့ ဝန်ထုပ်
ဝန်ပိုးတွေကို အဆင့်ဆင့်စိစစ် ရပါတယ်။ ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဆောင်ရွက်နေမှာဖြစ်ပါတယ်။
ချေးငွေတွေကို၊ နောက်တစ်ခါ ချေးငွေနဲ့အတူ ဆက်စပ်ဖြစ်ပေါ် လာတဲ့ ကြွေးမြီ ကိစ္စ တွေဟာ ပြည်ထောင်စု
လွှတ်တော်မှာလည်း တချို့သော လွှတ်တော်ကိုယ်စားလှယ်တွေက ရှင်းလင်းဆွေးနွေးကြတဲ့ အခါကျတော့
နိုင်ငံတော်ရဲ့ လက်ရှိ ပြည်တွင်းပြည်ပ ကြွေးမြီ အခြေအနေတွေကို အသေးစိတ် သိရှိနိုင်ရန်အတွက်
ကြွေးမြီတွေ ကို ဘယ်လိုဆက် လက်ပြီးတော့ ထိန်းသိမ်းသွားမယ်၊ ကြွေးမြီတွေကို ဘယ်လိုပြန်ဆပ်သွားမယ်၊
ထို့အတူ ကြွေးမြီရယူခြင်းနဲ့ ပတ်သက်ပြီးတော့
နိုင်ငံ တော်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို ဆက်လက်ဆောင် ရွက်သွားမယ် ဆိုတဲ့ လုပ်ငန်းတွေကို
ချေးငွေရယူရခြင်းရဲ့ ရည်ရွယ် ချက်နဲ့ ချေးငွေနဲ့ ပတ်သက်ပြီးတော့ ရယူတဲ့အခါမှာ ဘယ်လို
လုပ်ငန်းစဉ်တွေ လုပ်ရမယ်ဆိုတာကို ကျွန်တော် ရှင်းလင်းတင်ပြ မှာဖြစ်ပါတယ်။ ဒါလေးတွေကို
အသေးစိတ် ပြည်သူလူထု ကြားထဲမှာ ပျံ့ပျံ့နှံ့နှံ့သိရှိမှသာလျှင် နိုင်ငံတော်က ရယူထားတဲ့
ချေးငွေအခြေအနေ၊ ချေးငွေနဲ့အတူ ဖြစ်ပေါ်လာတဲ့ ကြွေးမြီ အနေအထား ‘ဒါတွေကို ပြည်သူလူထု
နားလည်သဘောပေါက် လက်ခံလာအောင်လို့ အခြေအနေမှန်တွေကို တကယ့်လက်ရှိ အနေအထားကို ရှင်းလင်းတင်ပြမှာ
ဖြစ်ပါတယ်။
အဓိကကတော့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက် ချေးငွေ တွေရယူတယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ နိုင်ငံတော် အတွက် လိုအပ်တဲ့
နိုင်ငံတော်ကနေ ထောက်ပံ့ပေးရမယ့် နိုင်ငံနဲ့ ပြည်သူလူထုအတွက် အကူအညီ အထောက်အပံ့တွေကို
မိမိ ဘတ်ဂျက်လို့ခေါ်တဲ့ မိမိကိုယ်ပိုင် နိုင်ငံပိုင်ဘတ်ဂျက်ကနေ သုံးစွဲဖို့ လိုတဲ့အခါမှာ
အကန့်အသတ်နဲ့ လိုအပ်ချက်ရှိလို့ ပြည်ပချေးငွေ အထောက်အပံ့တွေ ရယူရခြင်း ဖြစ်ပါတယ်။ ယူထားတဲ့ချေးငွေဟာ
ခေတ်အဆက်ဆက်က အစိုးရ အဆက်ဆက်က ယူခဲ့တဲ့ ချေးငွေ တွေ ဖြစ်ပါတယ်။ အဲ့ဒီချေးငွေနဲ့ ဆက်စပ်ပြီးတော့
သတ်မှတ်တဲ့ ကာလပြည့်လာတဲ့အခါကျတော့ ပြန်ဆပ်ဖို့ အနေအထားရောက်ရှိ လာပါတယ်။ ချေးငွေတွေအားလုံးကို
ပြန်လည်သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရ ကာလစတင်တဲ့ ၂ဝ၁၁ ခုနှစ်မတိုင်မီ ကာလကနေ စတင်ပြီးတော့ ပြန်လည် ရှင်းလင်းတင်ပြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက် ကနေပြီးတော့
နိုင်ငံခြား ချေးငွေတွေ ရယူပြီးတော့၊ ပြည်ပချေးငွေတွေ ရယူပြီးတော့ ချေးငွေ ကလည်း အမျိုးမျိုးပေါ့။
ကူးသန်းရောင်းဝယ်ရေး ချေးငွေတွေ လည်းပါတယ်။ ချေးငွေအမျိုးမျိုးကို ရယူခဲ့ပြီးတော့ နိုင်ငံတော်
ဖွံ့ဖြိုးတိုးတက်မှုကို သူ့ခေတ် သူ့ကာလ သူ့အခြေအနေအရ ရယူခဲ့ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ
အကြောင်းအမျိုးမျိုးနဲ့ ပြန် မဆပ်နိုင်တဲ့ ကာလရှိတဲ့ အခါမှာ ကြွေးမြီသည်ဘဝကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
ကြွေးမြီအခွန်ပြောင်းသွားတာ ဖြစ်ပါတယ်။
အစိုးရ တာဝန် ယူတဲ့ ၂ဝ၁၁ ခုနှစ် ကစပြီးတော့ နိုင်ငံတကာကို ကျွန်တော်တို့ နိုင်ငံ ဟာ
ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြုပြင်ပြောင်းလဲပြီး သွားတော့မယ့် အနေအထား၊ နိုင်ငံတကာနဲ့
ဆက်ဆံမှုတွေ ကို ပြန်လည်ပြုလုပ်ရတော့မယ့် အနေအထား။ ထို့အတူ ကျွန်တော်တို့မှာ တာဝန်ရှိ
နေတဲ့ အခုနက ကျွန်တော် တင်ပြခဲ့တဲ့ ပြန်ဆပ်ရမယ့် ကြွေးမြီတွေကို ကျွန်တော်တို့ ပြန်ဆပ်ခြင်းအားဖြင့်
တာဝန် သိတဲ့နိုင်ငံတစ်ခုပြန်ဖြစ်အောင် စတင်ကြိုး ပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ချေးငွေနဲ့
ဖြစ်ပေါ်လာတဲ့ ကြွေးမြီတွေ အားလုံးဟာ ကျွန်တော်တို့ပြန်ဆပ်ဖို့ကိစ္စကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ
စတင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ညှိနှိုင်းခဲ့ပါတယ်။
အစိုးရသစ် တက်တဲ့ ကာလမှာရှိနေတဲ့ ပြည်ပကြွေးမြီလက်ကျန်
စုစုပေါင်းဟာ ၁၅ ဒသမ ၄၄၁ ဘီလီယံ ရှိနေပါတယ်။ အဲ့ဒီကြွေးမြီတွေကို ပြန်လည်စုစည်းပြီးတော့
ဘယ်လိုပြန်ဆပ်ကြမလဲ။ ပြန်ဆပ်ဖို့ အတွက် နည်းလမ်းတွေကို ပြည်ပနိုင်ငံများ အကူအညီနဲ့ပဲ
စတင် ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ‘
ဒီကြွေးမြီထဲမှာ ပြန်လည်ပြီးတော့ ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် အဲ့ဒီ အဖွဲ့အစည်းတွေ က နေယူထားတဲ့ ကြွေးမြီတွေရှိသလို
ကျွန်တော်တို့ သတင်းစာ၊ ဂျာနယ်မှာလည်း ရှင်းလင်းတင်ပြခဲ့တာရှိပါတယ်။ Paris Club အဖွဲ့ဝင်လို့ခေါ်တဲ့
ကျွန်တော်တို့ရဲ့ မြီရှင်ကြွေးယူထားတဲ့ ၁၁ နိုင်ငံရဲ့ ကြွေးမြီတွေ လည်း ပါပါတယ်။ ‘ဒါတွေကို
ရှင်းလင်းဖို့ စတင်ဆောင်ရွက်ရတာ။ ဆောင်ရွက်တဲ့နေရာမှာ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဟာ
နိုင်ငံအသီးသီးနဲ့ အဖွဲ့ဝင်နိုင်ငံ အသီးသီး ပါဝင်ဖွဲ့စည်းထားတဲ့ သူ့ရဲ့ ရှယ်ယာတွေထည့်ပြီး
ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ ကြွေးမြီတွေကို အကျေ အလည် ပြန်ဆပ်ရမှာဖြစ်ပါတယ်။
သူတို့က လျှော်ပစ်လို့မရဘူး။
သို့သော်လည်း Paris Club အဖွဲ့ဝင်(၁၁)နိုင်ငံကတော့
အဖွဲ့ အစည်းကြီးက သဘောတူရင် ရာခိုင်နှုန်းတစ်ခု၊ ပမာဏတစ်ခု အထိတော့ လျှော့ပေးပါတယ်။
ဒါပေမယ့် ကျန်တဲ့အစိတ်အပိုင်း ကိုတော့ သက်ဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးရမယ့်ကိစ္စဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့နဲ့ ကမ္ဘာ့ဘဏ်နဲ့ ADB ခေါ်တဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်မှာရှိနေတဲ့
ကြွေးမြီတွေကို ပြန်လည်ပေး ဆပ်ပြီး တော့ ဆောင်ရွက်ဖို့နဲ့ နောက်စတင်ဆောင်ရွက်ပါမယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီကြွေးမြီတွေကို
တစ်ကြိမ် တစ်ခါတည်း ပြန်ဆပ်ဖို့ဆိုတာ နိုင်ငံတော်အနေနဲ့ ကန့်သတ်ချက် တွေ ရှိပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အကူ အညီအထောက်အပံ့နဲ့ ဘဏ်တစ်ခုဖြစ်တဲ့
JBIC ဘဏ်ကနေပြီး တော့ ကျွန်တော်တို့ ပေါင်းကူးချေးငွေဆိုပြီးတော့ ချေးငွေတွေကို ရယူလိုက်တာ။
ဆိုလိုတဲ့သဘောကတော့ ကမ္ဘာ့ဘဏ်နဲ့ အာရှ
ဖွံ့ဖြိုးရေးဘဏ်မှာရှိတဲ့ ကြွေးမြီတွေကို ဒီနေ့ဆပ်တယ်။ ဆပ်ပြီး ပြီးချင်းပဲ ဒီဟာကို
ဆပ်ပြီးသွားပြီဖြစ်တဲ့အတွက် ကြွေးဟောင်းက ကျေသွားပြီဖြစ်ပါတယ်။ ကြွေးကးသစ်ကို ပြန်ကူးပြောင်းလိုက်တဲ့
အနေအထားဖြစ်ပါတယ်။ တစ်နေ့တာအတိုးတော့ ကျွန်တော် တို့ပေးမှာဖြစ်တယ်။ ဒီလို လုပ်ငန်းကို
JBIC အကူအညီနဲ့ စတင် ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့
အကြောင်းအမျိုးမျိုးနဲ့ ကမ္ဘာ့ဘဏ်တို့၊ ADB တို့နဲ့ အဆက်အသွယ် ပြတ်တောက်နေ တာတွေ၊ အကူအညီအထောက်အပံ့တွေ
မရခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ ပြန်ဆက် သွယ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေ ကလည်း ကျွန်တော်တို့
ကို ကြွေးမြီတွေ ပြန်လည် ဆပ်ပြီးပြီဆိုတဲ့ ကျွန်တော်တို့ရဲ့ တာဝန်ကျေမှုတွေကို သိရှိသွားပါပြီ။
ထို့အတူ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအနေအထားတွေ လည်း ပြုပြင်ပြောင်းလဲ
ဆောင်ရွက်လာတဲ့ အနေအထားရောက် ရှိလာတာဖြစ်တဲ့ အတွက် အကူအညီ အထောက်အပံ့တွေ ပြန်လည် ရရှိလာတာဖြစ်ပါတယ်။
တစ်ဖက်ကလည်း Paris Club အဖွဲ့ဝင်နိုင်ငံတွေ ကို ကြွေးမြီဆပ်ဖို့ကိစ္စကြိုးပမ်းဆောင်ရွက်တဲ့
နေရာမှာ အဓိက ဦးဆောင်ပြီးတော့ ကြွေးမြီအများဆုံးရှိတာ ဂျပန် နိုင်ငံ ကြွေးမြီဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ကြွေးမြီတွေကိုလည်း ဆပ်ဖို့ဟာ
ဂျပန်သည်လည်း Paris Club အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အဲ့ဒီ Paris Club အဖွဲ့က သဘောတူညီမှုရယူရဦးမှာဖြစ်ပါတယ်။
အဲ့ဒီ ၁၁ နိုင်ငံ လုံးပါဝင်တဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီးတော့ အခြားသော အဖွဲ့ဝင်နိုင်ငံတွေကလည်း
ဒီလိုကြွေးမြီဆပ်ဖို့ ကြွေးမြီပေးလျှော်မှု ဒါတွေ ဆောင်ရွက်ပေးဖို့ Paris Club ပုံမှန် အစည်း အဝေးကြီးမှာ
ကျွန်တော်တို့ကို ဖိတ်ခေါ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ကျွန်တော် တို့ ဦးဆောင်ပြီး
သွားရောက်ခဲ့ပါတယ်။ အဲ့ဒီအခါမှာParis Club အဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာ ကျွန်တော် တို့ရဲ့
ပြုပြင်ပြောင်း လဲမှု အနေအထားတွေ၊ နိုင်ငံရဲ့ ဘယ်လိုပြုပြင်ပြောင်းလဲနေပါတယ်၊ ဒီကြွေးမြီတွေ
ရှိလာတာနဲ့ပတ်သက်ပြီးတော့ အဲ့ဒီကြွေးမြီတွေကို ကျွန်တော်တို့ ဆပ်ဖို့ကြိုးစားနေတယ်၊
နိုင်ငံရဲ့ လက်ရှိအနေအထား အရ ကြွေးမြီကို အကုန်လုံးပေးဆပ်ဖို့ဆိုတာ နိုင်ငံတကာပြုပြင်
ပြောင်း လဲရေး လုပ်ကိုင်နေရာမှာ အကန့်အသတ်တွေ၊ အခက်အခဲ တွေ ရှိနိုင်တာအတွက် ကျွန်တော်တို့ကို
သင့်တင့်မျှတသော အစိတ် အပိုင်းတစ်ခုကိုတော့ ကြွေးမြီလျှော်ပေးတဲ့ဟာကို လုပ်ပေးပါ။ ကျန်တာတွေက
ကျွန်တော်တို့ ကျန်တဲ့ကြွေးမြီအဟောင်းတွေ ကို ဆပ်ဖို့ကိစ္စတွေကို ကျွန်တော်တို့ ကြွေးမြီသက်တမ်းတွေကို
ပြန်ဆပ်ပြီးတော့ ပြန်ဆပ်မယ့်ကိစ္စတွေ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အပြန်အလှန် ဆွေးနွေးရပါတယ်။
ဆွေးနွေးတဲ့နေရာမှာ ကျွန်တော်တို့ရဲ့
ပြုပြင်ပြောင်းလဲမှု တွေကို ယုံကြည်လာရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း ပြန်ဆပ် မယ်ဆိုတာကို
ကတိကဝတ်ပြုထားတဲ့ အနေအထားဖြစ်ပါတယ်။ အဲ့ဒီ Paris Club အဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ
ကျွန်တော်တို့ကို လက်ရှိရှိနေတဲ့ နောက်ကျကြေးအပါအဝင် ကြွေးမြီတွေကို အဲ့ဒီ ထဲက ၅ဝ ရာခိုင်နှုန်းကို
ကြွေးလျှာ်ပေးမှာ။ ကျန်တဲ့ ၅ဝ ရာခိုင် နှုန်းကိုတော့ သက်ဆိုင်ရာ နိုင်ငံအလိုက် နှစ်နိုင်ငံချင်း
ပြန်လည် ဆွေးနွေးကြမှာ။
သူတို့လျှော်ပေးနိုင်လား။ အလုံးစုံ လျှော်ပေးနိုင်
လည်းလျှော်ပေး။ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း လျှော်ပေးနိုင်လည်း လျှော်ပေး စသည်ဖြင့်
နှစ်နိုင်ငံ ချင်း ပြန်လည်ဆွေးနွေးရမှာ ဖြစ်ပါ တယ်။ ‘ဒါပေမယ့် ကန့်သတ်ချက်တစ်ခုက ဘာလုပ်ရသလဲဆိုရင်
ဒီ ၅ဝ ရာခိုင်နှုန်း လျှော်ပေးတဲ့ အထဲမှာ လေးပုံတစ်ပုံကိုပဲ ချက်ချင်း လျှော်ပေးပါ။
ကျွန်တော်တို့ ဆွေးနွေးကြတာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ဖြစ်ပါတယ်။
တစ်နှစ်တာကာလ Monitoring Program ဆိုတဲ့
စောင့်ကြည့်ကြပ်မတ်တဲ့ အစီအစဉ် တစ်ခု ရေးဆွဲ ပေးပါ။ မြန်မာနိုင်ငံ ကို စောင့်ကြည့်တယ်။
မြန်မာနိုင်ငံ ရဲ့ Macro economic Stability လို့ခေါ်တဲ့ မက်ခရို စီးပွားရေး တည်ငြိမ်မှုကို
သာ ခုနကကျွန်တော်တို့ ငွေရေးကြေးရေး အနေအထားအပေါ် အဓိကကတော့ ပြန်ဆပ်နိုင်သလားလို့ ပြန်စိစစ်တဲ့သဘောပေါ့။
တစ်နှစ်သာ စောင့်ကြည့်တယ်။ ကျန်တဲ့လေးပုံသုံးပုံကို
တစ်နှစ်ပြည့် တော့မှ သူတို့ကျေနပ်မှ သတ်မှတ်တဲ့ အဖြေပေးမယ် ဆိုပြီးတော့ သဘောတူညီချက်
ရယူခဲ့ပါတယ်။ သူတို့ သဘောကတော့ ၅ဝ ရာခိုင်နှုန်းရဲ့ လေးပုံတစ်ပုံ ချက်ချင်းချေပေးခဲ့တယ်။
တစ်နှစ်တာကာလအတွင်းမှာ သူတို့သတ်မှတ်တဲ့အတိုင်း
အတာ၊ သူတို့သတ်မှတ်တဲ့ စံနှုန်းတွေကိုလိုက်နာပြီး ဖြည့်ဆည်း ပေးခဲ့ ရပါတယ်။ တစ်နှစ်တာစောင့်ကြည့်တဲ့အခါမှာ
ပြည့်တဲ့အခါ မှာတော့ သူတို့ သတ်မှတ်တဲ့ နှုန်းထားအတိုင်း၊ စံနှုန်းအတိုင်း ကျွန်တော်တို
့နိုင်ငံက ဆောင်ရွက်နိုင်တာဖြစ်လို့ ၅ဝ ရာခိုင်နှုန်း ချေပေးခဲ့ပါတယ်။ ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းက
သက်ဆိုင် ရာ နှစ်နိုင်ငံချင်းလည်း ညှိနှိုင်းဆွေးနွေးရပါတယ်။ ဂျပန်နိုင်ငံဟာ သူ့ရဲ့
ကြွေးမြီထဲက ၆ဝ ရာခိုင်နှုန်းလောက်ကို ကြွေးလျှော်ပေး ခဲ့ပါတယ်။
ထို့အတူပဲရာနှုန်းပြည့်လျှော်ပေးတဲ့ နိုင်ငံလည်းရှိခဲ့ပါတယ်။
ဒါတွေကတော့ ဒိန်းမတ်၊ နော်ဝေ၊ ကနေဒါ ဒါတွေဟာ ကျွန်တော်တို့ လက်ရှိရှိတဲ့ ကြွေးမြီ
အားလုံးကို လျှော်ပေးခဲ့ပါတယ်။ အီတလီနိုင်ငံဟာ သူ့ရဲ့ ၆ သန်းလောက်ရှိတဲ့ အကြွေးကို
တစ်ဝက်ကိုတော့ ၅ဝ ရာခိုင်နှုန်း ချေပေးတယ်။
ကျန်တဲ့တစ်ဝက်ကိုတော့ ပြန်မတောင်းဘူး။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ ပြန်သုံးဖို့ အတွက် ခွင့်ပြုပေးခဲ့ ပါတယ်။
ဆိုတဲ့သဘောကတော့ နှစ်နိုင်ငံချင်း ဆက်လက်ညှိနှိုင်းဆွေးနွေးပြီးတော့
ကျန်တဲ့ကြွေးမြီ ၅ဝ ရာခိုင် နှုန်းကိုလည်း သတ်မှတ် ကာလ အတွင်းမှာ ဆပ်ဖို့၊ နောက်တစ်ခါ
ကျန်တဲ့ အကြွေးတွေ ကိုလည်း ပြန်လည်ပေးဆပ်ဖို့ အစီအမံတွေ ပြန်ပြီးညှိနှိုင်းရေး ဆွဲခဲ့ပါတယ်။
စုစုပေါင်း အကြမ်းဖျင်း ၆ ဘီလီယံ လောက်
ကျွန်တော်တို့ ကြွေးမြီလျှော်တဲ့ ဟာတွေ ရှိပါတယ်။ တိတိ ကျကျပြောမယ် ဆိုရင် ကြွေးလျှော်
ပေးတာ ၅ ဒသမ ၉၅၆ ဘီလီယံ လောက် ခုနပြောတဲ့ Paris Club အဖွဲ့ဝင် ၁၁ နိုင်ငံက လျှော် ပေးခဲ့ပါ
တယ်။ ၅ ဒသမ ၉၅၆ ဘီလီယံနီးပါးလောက် လျှော်ပေး တာဟာ တော်တော်များတဲ့ ပမာဏဖြစ်ပါတယ်။
ကြွေးမြီလျှော်တဲ့ဟာက ကျွန်တော်တို့နိုင်ငံအတွက်
တကယ့်ကို အောင်မြင်မှုရတဲ့ ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ ထို့အတူပဲ ဒီလိုရလဒ်ရအောင်
စွမ်းဆောင်နိုင်တာ ကြွေးမြီဝန်ထုပ်ဝန်ပိုးဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတဲ့ အတွေးအမြင်
ကိုလည်း ရရှိခဲ့ပါတယ်။ ကြွေးမြီကို စနစ်တကျ ကြပ်မတ်သုံးစွဲမှု၊ အကြွေးတင်ခံနိုင်မှုကို
စနစ်တကျ ထိန်းကျောင်းမှုမရှိသဖြင့် အခုလို ပြန်လည်ပေးဆပ်မှုအပိုင်းမှာ တာဝန်ရှိပြီးတော့
ကြွေးမြီလျှော် ပေးတဲ့အခါမှာ ကြွေးမြီပေးဆပ်တဲ့အပိုင်းကို ဘယ်လောက် ထိ လုပ်ရလဲဆိုတာ၊
ကြွေးမြီရဲ့ဝန်ထုပ်ဝန်ပိုး၊ တာဝန်ရှိမှုကို အလေး အနက်ထားရမှာ ဖြစ်ပါတယ်။ ‘ဒါကြောင့်
အကောင်းအဆိုး ဒွန်တွဲ ပြီးတော့ တစ်ဖက်ကလည်း ကြွေးလျှော်တာရသလို တစ်ဖက်ကလည်း အသိဥာဏ်တွေတိုးမြှင့်ပြီးတော့
ဒီကြွေးမြီ ကို စောင့်ကြည့်ရမှာဖြစ်ပြီးတော့ ရှင်းပြရမှာကလည်း အရေးတကြီး ဆောင်ရွက်ရမယ့် အနေအထား ဖြစ်ပါတယ်။ ‘ဒါကြောင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှာ ငွေတိုက်ဦးစီးဌာန ဖွဲ့ပါမယ်။ဖွဲ့ပြီးတော့
ကြွေးမြီစီမံခန့်ခွဲမှု၊ ကြွေးမြီဆန်းစစ်မှုစတဲ့ ဒါတွေကို စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အဖွဲ့အကူအညီကို ရယူပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။
No comments:
Post a Comment