နေပြည်တော်
မတ် ၈
ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ
တိုးချဲ့ ဆောက်လုပ်မည့် ဆိပ်ကမ်းများတွင် တစ်ခုအပါအဝင် ဖြစ်သော မြန်မာစီးပွားရေး ကော်ပိုရေးရှင်း
အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင်
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် တိုးချဲ့ ကမ်းနားလမ်းသစ်ပေါ်ရှိ အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ
ဆိပ်ကမ်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက် ချီးမြှင့်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာ
စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီး
ဒေါက်တာ မောင်မောင်သိမ်း၊ ဦးဟန်စိန်နှင့် မြို့တော်ဝန် ဦးလှမြင့်တို့က အခမ်းအနားကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း
မုခ်ဦးဆိုင်းဘုတ်နှင့် ကမ္ပည်း မော်ကွန်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
ဧည့်သည်တော်ကြီးများက မုခ်ဦးဆိုင်းဘုတ်နှင့် ကမ္ပည်း မော်ကွန်းအား အောင်သပြေ အမွှေးနံ့သာရည်များဖြင့်
ပက်ဖျန်းပေးကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် ဆိပ်ကမ်း Command Centre ရှိ CCTV
Control Room အား လှည့်လည် ကြည့်ရှုကြသည်။
၎င်းနောက် မင်္ဂလာမဏ္ဍပ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ စီမံကိန်းများ ညွှန်ကြားရေးမှူး
ဦးခင်မောင်စိုးက အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တည်ဆောက်မှုများနှင့် ပတ်သက်၍
ရှင်းလင်း တင်ပြသည်။
ထို့နောက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း
ဥက္ကဋ္ဌ စစ်ထောက်ချုပ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အား
အထိမ်းအမှတ် တံဆိပ်များ ပေးအပ်ပြီး ဆိပ်ကမ်းသို့ ဆိုက်ကပ်ထားသည့် MV KOTA
TAM PAM သင်္ဘော၊ MV THAI
BINH 68 သင်္ဘောနှင့် MV ROYAL
16 သင်္ဘော သုံးစီးတို့မှ သင်္ဘော ကပ္ပတိန်များကို အထိမ်းအမှတ် အလံနှင့် ဂုဏ်ပြုအမှတ်တရ
လက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က စက်ခလုတ်နှိပ်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
စက်ခလုတ် နှိပ်၍ အချက်ပေး ဥဩသံဖြင့် ဆိပ်ခံ တံတားအား ဖွင့်လှစ်ပေးသည်။ ထိုသို့ အချက်
ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် MV KOTA
TAM PAM သင်္ဘောပေါ်မှ ကုန်သေတ္တာများအား
Ship To
Shore Crane ဖြင့်မ၍ Yard Traccor အပေါ်သို့ တင်ဆောင်ပြီး ဆိပ်ကမ်း ဝန်ဆောင်မှု
လုပ်ငန်းများ စတင် လည်ပတ် ဆောင်ရွက်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အခမ်းအနားသို့ တက်ရောက် လာကြသူများသည် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် ဆိပ်ကမ်းအား လှည့်လည် ကြည့်ရှုကြပြီး X-Ray Machine ဖြင့် ကုန်သေတ္တာများကို
လက်တွေ့ စစ်ဆေးနေမှုအား ကြည့်ရှုကြသည်။
ယနေ့ ဖွင့်လှစ်သော အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ
ဆိပ်ကမ်းသည် ရန်ကုန်ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအရ တိုးချဲ့ ဆောက်လုပ်မည့်
ဆိပ်ကမ်း ၆ခုအနက် ပထမဆုံး တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့သော ဆိပ်ကမ်းဖြစ်ပြီး မြန်မာစီးပွားရေး
ကော်ပိုရေးရှင်း၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်သည်။
ဆိပ်ကမ်း၏ ဆိပ်ခံ တံတားမှာ အလျား ၆၀၀ မီတာ၊ ကုန်သေတ္တာ လွင်ပြင် ၄၅ ဒသမ ၁၈၃ ဧက ကို ပူးတွဲပါဝင်
တည်ဆောက် ထားသဖြင့် တန်ချိန် (၂၀၀၀၀)ရှိ ပင်လယ်ကူး သင်္ဘောကြီး (၃)စီး တစ်ပြိုင်တည်း
ဆိုက်ကပ်နိုင်မည် ဖြစ်ပြီး ကုန်သေတ္တာ ကိုင်တွယ်မှု အနေဖြင့် တစ်နှစ်လျှင် ကုန်သေတ္တာ
အလုံးရေ (၂၈၈၀၀၀)အထိ ဝန်ဆောင်မှု ပေးနိုင်စွမ်းရှိသည့် အတွက် ပြည်တွင်း/ ပြည်ပ သင်္ဘောလိုင်း/
ကုမ္ပဏီများ၏ လိုအပ်ချက်နှင့် အညီ ခေတ်မီ ကုန်တင်/ ကုန်ချ ယန္တရားကြီးများဖြင့် အကောင်းဆုံး
ဝန်ဆောင်မှု ပေးနိုင်ကာ နိုင်ငံတော်၏ ပင်လယ် ရေကြောင်း ကုန်သွယ်မှုကဏ္ဍကို ပိုမို တိုးတက်လာစေရန်
အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment