မကွေး မတ် ၂၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းမြင့်မောင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ
လိုက်ပါ၍ မတ် ၂၀ ရက်နံနက် ၆ နာရီခွဲက ဂန့်ဂေါခရိုင် မြစ်သာရေလှောင်တမံဘက်စုံ စီမံကိန်း
တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြစ်သာရေလှောင်တမံဘက်စုံစီမံကိန်း တာဝန်ခံ
ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၈) ညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ မြစ်သာရေလှောင်တမံ
စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု၊ မြစ်သာမြစ်ကို ပိတ်၍ ရေလွှဲခြင်းလုပ်ငန်း မဖြစ်မနေအချိန်မီ
ဆောင်ရွက်ရန် လိုအပ်သည့် ယာယီရေထိန်း တမံတည်ဆောက်ခြင်း လုပ်ငန်းမှ ရေလွှဲမြောင်းအား
ယနေ့ တွင်ပိတ်၍ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိပ်အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေထိန်းတမံ ရေလွှဲမြောင်းအား ပိတ်၍ဆောင်ရွက်မည့်
နေရာသို့ သွားရောက်ကြည့်ရာ စီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်းမှ ကျွမ်းကျင်ပညာရှင်များ၊
စက်ယန္တရားကြီးများ၊ လုပ်သားအင်အားများနှင့် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ပြီး
ဝန်ကြီးချုပ်မှ ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားအားတွေ့ဆုံ၍ အားပေးနှုတ်ဆက်စကား ပြောကြားခဲ့ပြီး၊
မြစ်သာ ရေလှောင်တမံစီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို
လှည့်လည် ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများအား စံချိန်စံညွှန်းမီစွာဖြင့်
အချိန်မီ ပြီးစီးရေးဘဏ္ဍာရေးငွေများနှင့် တည်ဆောက်ရေးပစ္စည်းများ အလေအလွင့် မရှိစေရေးအတွက်
တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ရေး၊ နွေရာသီ ရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊
စက်ပစ္စည်း များကြံခိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါယာယီရေထိန်းတမံ ချောင်းပိတ်ခြင်းလုပ်ငန်း (Coffer Dam U/S Dyke) တည်ဆောက်
ခြင်း လုပ်ငန်းအား ၂၀၁၅-ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင်
စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ယာယီရေထိန်းတမံ ဘေးရှိ ရေလွှဲမြောင်းပိတ်ခြင်း
(Coffer Dam side channel bypall ) ကိုယနေ့ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည့်အပြင် မြစ်သာရေလှောင်တမံစီမံကိန်း
လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များတွင် မြစ်သာမြစ်ကိုပိတ်၍
ရေလွှဲမြောင်းမှ ရေလွှဲထားစဉ်အတွင်း ပင်မတမံ ချောင်းပိုင်း မြေဖို့ခြင်း လုပ်ငန်းများကို
စနစ်တကျ ဆက်လက် ဆောင်ရွက်သွားရေး၊ ယာယီ ရေထိန်းတမံကို စုန်အလိုက်သတ်မှတ်ထားသည့် ဖို့မြေအမျိုးအစားများဖြင့်
ဖို့ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်းသို့
နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိစဉ်က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်
အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန် မှာကြားခဲ့ပြီး လမ်းညွန်ချက်အတိုင်း
စီမံကိန်း ပြီးစီးရေးတွက် ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၈)မှ ညွှန်ကြားရေးမှူးဦးစီး၍
ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စီိမံကိန်းမှ ရေ၀ပ်ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာ(၄)ရွာမှ အိမ်ထောင်စု(၃၇၅)စု
အတွက် အိမ်အလုံး စုစုပေါင်း (၃၇၅) လုံးကို ကျေးရွာနေပြည်သူများ နေထိုင်မှု အဆင်ပြေစေရေး
အတွက် တည်ဆောက်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီးယခုနှစ် ဇန်န၀ါရီလအတွင်းက အိမ်များကို
စနစ်တကျ နေရာချထား ပေးနိုင်ခဲ့သည့်အပြင် လယ်ယာမြေဧကအသစ် (၁၅၈၁)ဧက ဖော်ထုတ်ထားပြီး လယ်(၇၅၈)ဧက၊
ယာ(၈၂၃)ဧက ဖော်ထုတ်ရန် လျာထား၍ ဖော်ထုတ်ပြီးလယ် (၃၈၀)ဧက ယာမှလယ်ပြောင်း (၁၃၀)ဧက၊ ပေါင်း
(၅၁၀)ဧက ဖော်ထုတ်ပြီး ဖြစ်သည်။ ကျန်ရှိသည့်ယာဧက (၁၀၇၁)မှ လယ်ဧကပြည့်မီရန် စက်ယန္တရားများဖြင့်
နေ့/ညဆောင်ရွက်လျက်ရှိသည်။ ၄င်းအပြင် ကျေးရွာများ အတွက် ဘုန်းကြီးကျောင်း (၄)ကျောင်း၊
စာသင်ကျောင်း(၄)ကျောင်း၊ လျှပ်စစ်မီးတိုင် (၃၀၅)တိုင်၊ လမ်းမိုင်(၆.၅)မိုင် သန့်ရှင်းသော
သောက်သုံးရေ ရရှိရေးအတွက် မြေအောက်ရေ တူးဖော် ပေးခြင်း လူနေအိမ်များတွင် အိမ်အသုံးအဆောင်နှင့်
ပရိဘောဂများ ထည့်သွင်းခြင်းများကို ရာနှုန်းပြည့်
ဆောင်ရွက်ပေး ပြီးဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်အတွင်း မြစ်သာမြစ်ပေါ်ရှိ မြစ်သာရေလှောင်တမံဘက်စုံစီမံ
ကိန်းသည် ယခုအခါ တမံအကြို တည်ဆောက်မှု လုပ်ငန်းများ(၈၅.၅) ရာခိုင်နှုန်း၊ တမံတည်ဆောက်ခြင်း
လုပ်ငန်းများ (၆၅.၀၁)ရာခိုင်နှုန်း၊ တမံတည်ဆောက်ခြင်း (၃၄.၆၄)ရာခိုင်နှုန်း၊ ကုန်းကျောတမံ
တည်ဆောက် ခြင်း(၇၀.၂၉) ရာခိုင်နှုန်း၊ ရေလွှဲမြောင်း တူးဖော်ခြင်းနှင့် တံတား တည်ဆောက်ခြင်း
(၁၀၀)ရာခိုင်နှုန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်း (၈၇.၁၉)ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်ဆိုင်ရာ
အဆောက်အဦများ တည်ဆောက်ခြင်း လုပ်ငန်း(၆၉.၂၃) ရာခိုင်နှုန်း ပြီးစီးပြီး စီမံကိန်း တစ်ခုလုံး၏
(၆၉.၁၉)ရာခိုင်နှုန်း ပြီးစီးကာ ၂၀၁၄-၂၀၁၅ဘဏ္ဍာ နှစ်တွင်ရရှိသည့် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း
(၁၀၀၇၅)ဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ပါအတိုင်း
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ပြီးစီးရေးအတွက် ဆည်မြောင်း ဦးစီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီ (၁၈)ခုတို့
ပူးပေါင်း၍ ၀န်ထမ်းအင်အား (၈၁၄)ဦး၊ စက်ယန္တရား (၆၁၇)စီးတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်းအနေဖြင့် ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ပြီး
တမံအမြင့် (၂၀၅)ပေ၊ တမံအလျား (၃၀၀၅၀)ပေ၊ ပင်မတမံ(၂၆၀၀)ပေ၊ ကုန်းချောတမံ တစ်ခုလျှင်(၂၇၄၅၀)ပေ၊
ကန်ရေပြည့် ရေလှောင်ပမာဏ (၃၇၇၆၀၀) ဧက/ပေ၊ ကန်ရေပြည့် ရေပြင်အကျယ်ဧရိယာ (၅၇၈၈)ဧက၊ ရေလွှဲမြောင်း
အလျား(၁၂၅၀၀)ပေ၊ အကျယ်(၁၂၀×၆၀)ပေ၊ ရေပိုလျွှဲအမျိုးအစားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး
ရေအားလျှပ်စစ် (၂၀)မဂ္ဂါဝပ်(၂)လုံးဖြင့် နှစ်စဉ်ပျမ်းမျှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်စွမ်းအား(၁၇၀)ကီလိုဝပ်
နာရီသန်းပေါင်း ထုတ်ယူနိုင်မည် ဖြစ်ကာ ဆည်ရေပေးနိုင်မည့် ဧရိယာမှာ(၁၂၀၀၀) ဧကဖြစ်၍ စီမံကိန်းစတင်
သည့်နှစ် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် စတင်ကာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စီမံကိန်း ပြီးစီးမည်ဖြစ်ကြောင်း
သိရှိရသည်။
အဆိုပါ စီမံကိန်းကြီး ပြီးစီးသွားပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသအတွင်း
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမာဏကို လျော့ချနိုင်မည့်အပြင် တမံတည်ရှိရာ ပတ်ဝန်းကျင်တွင်
တမံရေပြင်၏ အငွေ့အသက်ရရှိကာ မြေသဘာဝပြောင်းလဲစေ၍ ပိုမိုစိမ်းလန်းစိုပြေသော ဒေသဖြစ်လာပြီး
သဘာဝဇီဝမျိုးစုံကို စိုက်ပျိုးနိုင်ခြင်း၊ မြေလွတ်မြေရိုင်းများ ထပ်မံဖော်ထုတ် စိုက်ပျိုးနိုင်ခြင်းများကို
တိုးချဲ့လုပ် ကိုင်လာနိုင်မည့်အပြင် ရေအားလျှပ်စစ် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သောကြောင့်
ဂန့်ဂေါခရိုင်အတွင်းရှိ မြို့ရွာများအပြင် ချင်းပြည်နယ်သို့လည်း လျှပ်စစ်မီးဖြန့်ဝေပေးနိုင်ခြင်းတို့ကြောင့်
ဒေသအတွင်း အသေး စားစက်ရုံအလုပ်ရုံများ လုပ်ကိုင်လာနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊
လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မား လာနိုင်ခြင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ
ပိုမို ဖွံ့ဖြိုး တိုးတက်လာပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်
အထောက်အကူပြု ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။



No comments:
Post a Comment