Tuesday, March 24, 2015

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၂ရက်မြောက်နေ့ကျင်းပ




နေပြည်တော်  မတ် ၂၄
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၂ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် ကျင်းပသည်။ အစည်းအဝေးတွင် ကလေးဝ မဲဆန္ဒနယ်မှ ဦးစိုးသိမ်း၏ ကလေးဝ မြို့နယ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သမိုင်းမှတ် တိုင် ဖြစ်သော လွှတ်လပ်ရေး ကျောက်တိုင်ကို တစ်နည်းအားဖြင့် ပထမအကြိမ် လွှတ်တော် အရပ်ရပ်၏ သမိုင်းကျောက်တိုင် အဖြစ် ၂၀၁၆ခုနှစ် လွှတ်လပ်ရေးနေ့မတိုင်မီ စိုက်ထူပေးရန်အစီ အစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ၏စီမံမှုဖြင့် ကလေးဝမြို့နယ်စီမံခန့် ခွဲမှုကော်မတီ အနေဖြင့် ပြည်သူများလွတ်လပ်ရေး အနှစ် သာရရှိစေ ရေးနှင့်  အပန်းဖြေစေနိုင်ရေးအတွက် စီမံဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း။

ကလေးဝမြို့နယ် လွတ်လပ်ရေးကျောက်တိုင်နှင့်ပန်းခြံကို မြို့အထွက်မြစ်သာ တံတားအဆင်းရှိ မြေဧက (၀ဒသမ၀၆၄) ဧကရှိမြေလွတ်နေရာပေါ်တွင်  မြေလွှဲပြောင်း နိုင်ရေး ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ရန်ပုံငွေရရှိမှု အပေါ်မူ တည်ပြီး ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဦးညီညီမြင့်၏  အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်သို့ ဆက်သွယ်ထားသော စစ်တောင်းမြစ် ကူးတံတားတည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက အုတ်တွင်း-ထန်းတပင် ဆက်သွယ် မည့်မြစ်ကူးတံတား တည်ဆောက်ရန်အ တွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေး ၀န်ကြီး ဌာန၏   ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ အဆိုပါ တံတားတည် ဆောက် မည်ဆိုပါက  အသေးစိတ်ကွင်းဆင်ပြီး မြေပြင်ကွင်းဆင်း တိုင်းတာခြင်း၊ နည်းပညာကျွမ်းကျင်သည့်  အင်ဂျင်နီယာ များမှ  တံတားဒီဇိုင်းရေးဆွဲ တွက်ချက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး တံတားသည် ပေ(၆၅၀) ကျော်သည့် အတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လတ်တလောတွင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်းဖြင့် ပြန် လည်ဖြေကြားခဲ့သည်။
လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းမောင်တင်၏ နိုင်ငံတော်၏လွှတ်တော်အဆင့်ဆင့်ရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် များကိုရွေးချယ် တင်မြှောက်ရာ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကြီးကြပ်မှုဖြင့် တာဝန် ယူဆောင် ရွက် ပေး လျက်ရှိကြသော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် အများယုံကြည်လေးစားခံရသောပုဂ္ဂိုလ်များအဖြစ် တာဝန် ထမ်းဆောင် နေကြသူများအား နိုင်ငံတော်ဘဏ္ဍာမှသင်တင့်လျောက်ပတ်သည့် စရိတ်ချီးမြှင့်ငွေ ခံစား နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပြဌာန်းပေးသင့်ကြောင်း အဆိုကိုတင်သွင်းရာ လွှတ်တော် ကအတည်ပြုခဲ့သည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မှမြို့နယ်အဆင့် အဖွဲ့ခွဲဝင်များအားလစဉ်ထောက်ပံ့ကြေး လစာ(သို့မဟုတ်) ချီးမြှင့်ငွေခံစားခွင့်ပေးနိုင်ရန် စီမံဆောင် ရွက်ပါက ရပ်ကွက်၊ ကျေးရွာ အုပ်စုအဖွဲ့ဝင်များနှင့် မဲရုံများတွင်တာဝန်ထမ်းဆောင်ရသော မဲရုံဝန်ထမ်းများကိုလည်း လက်ရှိခွင့်ပြုပေး ထားသော ဆန္ဒမဲပေးခြင်းလုပ်ငန်း ကြီးကြပ်ရသောနေ့အတွက် ထောက်ပံ့ ကြေး သာမက နိုင်ငံတကာရွေးကောက် ပွဲများနည်းတူ ကာလသတ်မှတ်၍ နေ့စဉ်ထောက်ပံ့ ကြေးများခွင့်ပြုပေးသင့်ပါကြောင်း။
သို့သော်လည်းလက်ရှိတွင် အများယုံကြည်လေးစားခံရသော ပုဂ္ဂိုလ်များအတွက် စရိတ်ခံစားခွင့်အနေဖြင့် အမှန်တ ကယ်ကုန်ကျသော ခရီးသွားလာစရိတ်ကိုခရီးစရိတ် လက်စွဲနှင့်အညီ ခံစားခွင့်ပြုထားပါကြောင်း၊ အစည်းအဝေး ရက်တွင် လက်ရှိနှုန်း ထားမှ သင့်တင့်လျောက်ပတ်သော နှုန်းထားသို့ တိုးမြှင့်ခံစားနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ရှင်းလင်းခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment