နေပြည်တော် မတ် ၂၄
အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန် အစည်းအဝေး ၃၃ ရက်မြောက်နေ့ ကိုယနေ့ နံနက်ပိုင်းတွင် အမျိုးသား လွှတ်တော် အစည်းအဝေး
ခန်းမ၌ ကျင်းပရာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်
ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထို့သို့ ဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်
(၁၀)မှ ဦးသိမ်းဆွေ ကယခုဆွေးနွေးသည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို တစ်နိုင်ငံလုံးက
စိတ်ဝင်တစားစောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ် ပညာရေး ကို ပြင်ဆင်သည့်ဥပဒေလည်းဖြစ်သည့်အတွက် တိုင်းပြည်၏ ရေရှည် အကျိုးစီးပွားကိုလည်း စဉ်းစားကြရ မည်ဖြစ် ပါကြောင်း၊
ရေးဆွဲလိုက်သည့် ဥပဒေသည် သင့်တော်မှု၊ ကောင်းမွန်မှု၊ လက်တွေ့ကျမှုများလိုအပ်ပါကြောင်း၊
ယင်းအချက် များ ပေါ်တွင်မူတည်ပြီးမိမိအနေဖြင့် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ အမှတ်စဉ်(၈)၊ အပိုဒ် (၇)တွင်ပါဝင်သည့် အဆိုပြုပြဋ္ဌာန်းချက်တွင်
လွတ်လပ်သောပညာရှင်များ ဟုဆိုထား ပါကြောင်း၊ ဥပဒေကြမ်း ကော်မတီတွင် အမှီအခိုကင်းသည့် ပညာရှင်များဟုဆိုထားပါကြောင်း၊
မိမိအနေဖြင့် လုပ်ငန်းကျွမ်း ကျင်ပညာရှင်များပါဝင်၍ဟု ပြင်ဆင်အဆိုပြုလိုပါကြောင်းဖြင့်
ဆွေးနွေး သည်။
ထို့နောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ
ဦးခင်မောင်လတ်က ယခင်ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေကိုမိမိ အနေဖြင့် ထောက်ခံခဲ့
ပါကြောင်း၊ ခေတ်မီမှု၊ ပွင့်လင်းမှု၊ ဒီမိုကရေစီဆန်မှုတွင် တံခါးတစ်ချပ် ဖွင့်ပေးခြင်း
ဖြစ်သည်ဟု ယူဆသည့်အတွက် ထောက်ခံခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်း
ကော်မတီ၊ကျောင်းသားကော်မ တီများကအဆိုပြု ပြင်ဆင်ဆောင်ရွက်မှု များကိုလည်း ထောက်ခံ ပါကြောင်း၊
အခက်အခဲများနှင့် စိန်ခေါ်မှုများရှိနေမည် ဖြစ် ပါကြောင်း၊ သို့သော် အခက်အခဲ၊ စိန်ခေါ်မှုများကို
ကျော်လွှားနိုင်ပါက အခြားနိုင်ငံ များတွင် ပေါက်ရောက်ခဲ့ သည့် ခရီးစဉ်ကိုမိမိတို့နိုင်ငံကအချိန်တိုတိုဖြင့်
ရောက်ရှိ သွားမည်ဖြစ်သည့်အတွက် ထောက်ခံခြင်းဖြစ်ပါကြောင်း၊ သို့သော် ဥပဒေသည် ရှေ့နောက်ညီညွှတ်မှု၊
ချောမွေ့မှု ရှိရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ဆက်လက်ပြီးပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ
ဦးမင်းဦးကအမျိုးသား လွှတ်တော်က အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်တွင်
ကောင်းမွန်ခြင်း၊ သင့်တော်ခြင်း၊ လက်တွေ့ကျခြင်းစသည့် အချက်များပေါ်တွင် မူတည်ပြီး အပြုသဘောဖြင့်
အကြံပြုဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် မရှိမဖြစ်လို အပ်ပြီး နိုင်ငံသားအားလုံးလိုလို
စိတ်ဝင်စား နေသည့် အမျိုးသား ပညာရေးသည် ကောင်းမွန်သောပညာရေးဖြစ်ရန် လိုအပ် ပါ ကြောင်း၊
သို့သော်လည်း မိမိတို့နိုင်ငံ၏ ရိုးရာ၊ ဓလေ့ထုံးစံ၊ ပထဝီအနေအထားနှင့် အခြေခံအဆောက်အအုံ
စသည့်တို့နှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ကောင်းမွန် သင့်တော်ပြီးလက်တွေ့ ကျသည့်
ပညာရေးဥပဒေတစ်ရပ်ဖြစ်စေ ရန် အထူးလိုအပ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ထို့နောက် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ
ဦးစောအုန်းက အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီမှ တစ်နိုင်ငံလုံး တွင်ရှိသည့် ပါတီအဖွဲ့အစည်းများ၊
ပညာရှင်များ၊ ကျောင်းသားများပါမကျန် တွေ့ဆုံကြားနာပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ မူနှင့်
အခြေခံသဘော အရဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို တိုးတက် ဖွံ့ဖြိုးစေရန်
ပညာရေးစနစ်ကို ပြင် ဆင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ရိုးရာယဉ်
ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ချိန်ဆပြီးဥပဒေကို ရေး ဆွဲရမည် ဖြစ်ပါကြောင်း၊ ထို့ပြင်
လက်တွေ့တွင်လည်း ကျင့်သုံးနိုင်မည့် အနေအထား ရှိရမည်ဖြစ်ပါကြောင်း၊ ဥပဒေတစ်ရပ် ကိုကျင့်သုံးနိုင်မှသာ
နိုင်ငံအတွက် အကျိုးပြုနိုင် မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံသားများသည်
အသက် ၃ နှစ်ကျော် ကတည်းက မူကြိုပညာရေးမှ စတင်ကာပညာရေးနယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့ပါကြောင်း၊
သို့သော် ကလေးငယ်များ အတွက် ဦးနှောက်ဖွံ့ဖြိုးသည့် အချိန်မှသာ သင်ကြားခြင်းသည် အကောင်းဆုံးဖြစ်ပါကြောင်း၊
သင်ကြားနေ သည့် သင်ရိုးညွှန်တမ်းများ သည် နိုင်ငံ အတွက်၊ ကလေးများအတွက် အကျိုးရှိမည့်
သင်ရိုးညွှန်းတမ်းများဖြစ်ရန် လိုအပ်ပါ ကြောင်းဖြင့် ဆွေးနွေးသည်။
No comments:
Post a Comment