Monday, March 16, 2015

တောင်ကုတ်-စစ်တွေ အောင်တံခွန်-၃ ခရီးသည်တင်ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


စစ်တွေ-မတ်-၁၅
မတ်(၁၂)ရက် ည(၉)နာရီတွင် တောင်ကုတ်ဆိပ်ကမ်းမှ ထွက်ခွာ ခဲ့သော တောင်ကုတ်- စစ်တွေ ပြေးဆွဲသည့် အောင်တံခွန်(၃) ခရီးသည် တင်ရေယာဉ်သည် မတ်(၁၃)ရက် ည(၈)နာရီခွဲခန့်တွင် မြေပုံမြို့နယ် ပေသုန် ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး အရောက် ကျောက်ဆူးကြိုး ချသည့်နေရာ သင်္ဘောဦးဘက်ပိုင်းမှ


ပွင့်ထွက် ကာ ရေများ ဝင်လာသဖြင့် သင်္ဘော လုံခြုံရေး လိုက်ပါလာသည့် ရဲဒုတပ်ကြပ်လှကျော် ဦးစီးရဲတပ်ဖွဲ့ဝင် (၃)ဦးသည် ရေယာဉ် ဝန်ထမ်းများ၊ ခရီးသည်များပူးပေါင်းကာ စက်အား၊ လူ အားဖြင့် ရေများ စုပ်ယူ ထုတ်ခဲ့ သော်လည်း ရေဝင်အားများ၍ သင်္ဘော သည် တိမ်းစောင်း နစ်မြုပ်ခဲ့ သည်။
သင်္ဘောနစ်မြုပ်သည့်သတင်း ရလျှင်ရချင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ရှိသူများ၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ကျောက်ဖြူ ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ ဝင်များ၊ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်ဖြူရေတပ်စခန်းမှ တာဝန်ရှိ သူများ၊ မီးသတ်၊ ကြက်ခြေနီ၊ နာရေးကူညီမှု အသင်း၊ ရေကြောင်း ပို့ဆောင်ရေး၊ ပြည် တွင်းရေကြောင်းမှ တာဝန်ရှိ သူ များသည် ဒေသခံပြည်သူ များနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်မှုတွင် မတ်(၁၅)ရက် မွန်းတည့်(၁၂)နာရီထိ သံဃာ(၂)ပါးအပါအဝင် ကျား (၁၀၄)ဦး၊ မ(၆၅)ဦး ပေါင်း(၁၆၉)ဦး အရှင် ကယ်တင်နိုင် ခဲ့ပြီး သံဃာ (၁)ပါးအပါအဝင် ကျား(၄)ဦး၊ မ(၃၂)ဦး ပေါင်း (၃၆)ဦးတို့၏ အလောင်းများအား ဆယ်ယူရရှိပြီး ခန့်မှန်းပျောက်ဆုံးသူ (၁၃)ဦး ခန့် ရှိနေသေးကြောင်းနှင့် ၎င်းတို့မှာ နစ်မြုပ်နေသော အောင်တံခွန် (၃) သင်္ဘော အတွင်း ကျန်ရှိနေနိုင်သဖြင့် ရေငုပ်ကျွမ်းကျင်သူများဖြင့် ရှာဖွေ ကယ်ဆယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အသက်ရှင်လျက်ကယ်ဆယ်ရရှိသူများအား နေရပ်ပြန်နိုင်ရေး၊ စားသောက်နေ ရာ ချထား ရေးများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဆယ်ယူရရှိသော အလောင်း များအား ကျောက်ဖြူ ဆေးရုံသို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် သက်ဆိုင် ရာ မိသားစု အသီးသီး တို့ထံ ပြန်လည် အပ်နှံ ပေးလျက်ရှိကြောင်း သိရှိ ရသည်။

No comments:

Post a Comment