လူတွေ ခရီးသွားတော့မယ်ဆိုရင် လမ်းခရီးမှာ
ဆီးသွားချင်စိတ်ဖြစ်ပေါ်မှာစိုးတဲ့အတွက် ရေကို တတ်နိုင်သမျှ လျှော့သောက်လေ့ရှိကြပါတယ်။
တစ်ခါတစ်ရံ ခရီးသွားတာက ပြဿနာမရှိပေမယ့် အလုပ်ကိစ္စကြောင့် မကြာခဏ ခရီးရှည်သွားနေရတဲ့
အမျိုးသားတွေမှာ ဆီးလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်နေစေဖို့ လိုက်နာ သင့်တဲ့ အချက်တွေ
ရှိပါတယ်။
မကြာခဏ ခရိးရှည်သွားရလေ့ရှိတဲ့ အမျိုးသားတွေဟာ
အမြဲကျန်းမာနေစေဖို့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အဆီနည်းတဲ့ အသား၊ ငါးစတာတွေကို များများစားသုံးပြီး
အဆီ၊ အချို၊ အငန်နဲ့ အဆီများတဲ့ အသားတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။
တစ်နေ့ ရေနှစ်လီတာနဲ့အထက်သောက်သုံးပေးသင့်ပါတယ်။
ခရီးသွားလာရင်း ရပ်နားတဲ့အချိန်တွေမှာ အခွင့်သင့်တိုင်း ဆီးသွားတာ၊ လမ်းလျှောက်တာ၊
အကြောဆွဲဆန့်လုပ်တာနဲ့ အကြောလျှော့တာတို့ကို လုပ်ဆောင်သင့်ပါတယ်။
ခရီးရှည်သွားရင်း ဆီးသွားချင်စိတ်ဖြစ်ပေါ်လာပါက
ဆီးကို အလွန်အမင်းအောင့်မထားဘဲ ဆီးသွားပေးဖို့ လိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို
မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင်
အချိန်မဆိုင်းဘဲ နီးစပ်ရာဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
No comments:
Post a Comment