နေပြည်တော် မတ် ၁၆
မစ္စတာ ယာရိုစလပ် ဒိုလီဆက်ခ်အား ရန်ကုန်မြို့အခြေစိုက်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ချက်သမ္မတနိုင်ငံ
သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စတာ ယာရိုစလပ်ဒိုလီဆက်ခ်အား ၁၉၅၆ ခုနှစ်
မတ် ၁၇ ရက်တွင် မွေးဖွား ခဲ့သည်။ ၄င်းသည် ပရပ်မြို့ရှိ ချက်နည်းပညာတက္ကသိုလ်မှ မြို့ပြ
အင်ဂျင်နီယာ မဟာဘွဲ့နှင့် ဗြိတိန်နိုင်ငံ မေလ်တန်ကိန်းစ်တက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှု
မဟာဘွဲ့တို့ကို ရရှိခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်မှ ၁၉၉ဝ ပြည့်နှစ်အထိ ကာလ တွင် ဆောက်လုပ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၏ စီမံကိန်း များတွင် ရာထူးအမျိုးမျိုးဖြင့်
တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး
ရာထူးအဆင့်ဆင့်ဖြင့် နည်းပညာဆိုင်ရာဌာနတွင် ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲတာဝန်အထိ
လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ရင်းနှီးမြှုပ်နှံမှုဌာန တွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊
၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၁ ခုနှစ်အထိ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း
တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂ဝဝ၁ ခုနှစ်တွင် ဆစ်ဒနီမြို့ရှိ ချက်သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင်
ကောင်စစ်ဝန်ချုပ်ဖြစ်လာခဲ့သည်။
ထို့နောက် ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ
တိုင်ပေရှိ ချက်နိုင်ငံစီးပွားရေးနှင့် ယဉ်ကျေးမှုရုံးတွင် ရုံးအကြီး အကဲ(သံအမတ်ကြီးအဆင့်)အဖြစ်
တာဝန် ထမ်းဆောင် ခဲ့သည်။ ၂ဝဝ၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံခြားရေးဝန်ကြီးဌာနပိုင် အဆောက်အအုံနှင့်ပစ္စည်းများ
စီမံခန့်ခွဲရေးဆိုင်ရာဌာနတွင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မစ္စတာ
ယာရိုစလပ် ဒိုလီဆက်ခ် သည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်သည်။
No comments:
Post a Comment