နေပြည်တော် မတ် ၂၃
မြန်မာ့အားကစားအဆင့်အတန်း
တိုးတက်မြင့်မားလာစေရေးအတွက် ကောင်းမွန်သော အထောက်အပံ့များ ရရှိရေးကို ရည်ရွယ်ပြီး
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်များတွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး Township
Sports Development Programme (TSDP) အစီအစဉ်အရ ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအား ယနေ့နံနက်
(၀၈း၀၀) အချိန်နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) Social
Zone ရှိ Gold Medal Hall တွင် ပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားပါသည်။
အဆိုပါ အခမ်းအနားသို့
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊
အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် နှင့်တာဝန်ရှိသူများ၊
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊
သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအား သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများက
တစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက
သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် အားကစား ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်
ပူးပေါင်းပြီး ဒိုင်လူကြီး သင်တန်းများဖွင့်လှစ် ပေးခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ
မြို့နယ်များတွင် အားကစားဖွံ့ဖြိုး တိုးတက်ရေး Township Sports Development
Programme (TSDP) အရ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပရာတွင် အခြေခံ စည်းမျဉ်း ဥပဒေများကို
နားလည်ပြီး နိုင်ငံတော်ရဲ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး လုပ်ငန်းများ ကို
အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နည်းဥပဒေ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့ အားကစား
ဒိုင်လူကြီးများအဖြစ် ရရှိလာစေရေး၊ ပြိုင်ပွဲများ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး
ပြည်နယ် တိုင်းဒေသကြီးများရှိ မြို့နယ်များမှ မျိုးဆက်သစ် အားကစားသမားများသည် မိမိအားကစားနည်းနှင့်
ပတ်သက် သော ဥပဒေ၊ နည်းစနစ်များကို အခြေခံကျကျ သိရှိနားလည်ရေးကို ဦးတည်ဖွင့်လှစ်သည့်
သင်တန်း ဖြစ်သော ကြောင့် တက်ရောက် လာသည့် သင်တန်းသား/သင်တန်းသူများမှ နည်းပြဆရာများ
သင်ကြားပို့ချ ပေးသော ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော အားကစား ဆိုင်ရာမူဝါဒ၊ အားကစားနည်းအခြေခံနှင့်
အဆင့်မြင့် နည်းစနစ်၊ နည်းဥပဒေစည်းမျဉ်းစည်းကမ်းများကို စာတွေ့ လက်တွေ့ ကြိုးစားသင်ယူကြရန်
မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ
ယခုသင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများ အနေဖြင့် စွမ်းဆောင်ရည်မြင့်မားပြီး
ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ကာ ထူးချွန်ထက်မြက်၊ အရည်အသွေး ပြည့်ဝသော နိုင်ငံတကာ အသိအမှတ်ပြု
ဒိုင်လူကြီးများဖြစ်ရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် လူငယ်လက်ရွေးစင် အားကစားသမားများ ကြိုးစားဖော်ထုတ်
ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေမှာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း
မှာကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က မှာကြားရာတွင် တက်ရောက်လာသော
သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်ရခြင်း ရည်ရွယ်ချက်အား သိရှိရန်
လိုအပ်ကြောင်း၊ အားကစားဆိုသည်မှာ လူငယ်များ ကာယ၊ ဥာဏ၊ စာရိတ္တများ ကောင်းမွန်အောင် ဆောင်ရွက်
ခြင်းဖြစ်ကြောင်း၊ အားကစားကို လူငယ်များမှ နည်းစနစ်၊ ဥပဒေများကို စနစ်တကျ သိရှိစွာဖြင့်
စိတ်ဝင်တစား ကစားခြင်းဖြင့် အနာဂတ်အားကစားလောက၏ လူငယ်များ အောင်မြင်မှုရကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက် လာသော သင်တန်းသား/ သင်တန်းသူ များအား အဓိကမှာကြားလိုသည်မှာ
သင်တန်းတက်ရောက်ချိန်တွင် စည်ကမ်း၊ စိတ်ဓါတ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် နည်းစနစ်ပိုင်းများ
ကျွမ်းကျင် တတ်မြောက်အောင် သင်ယူပြီး မိမိပြည်နယ်၊ တိုင်းဒေသကြီးများတွင် တာဝန် ထမ်းဆောင်သည့်အချိန်တွင်
တရားမျှတပြီး သတ္တိရှိရှိ ဆုံးဖြတ် ချက်ပိုင်နိုင်စွာဖြင့် ဆောင်ရွက်သွားကြရန် မှာကြားပါသည်။
အဆိုပါ ဒိုင်လူကြီးသင်တန်းကို
ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘော်လီဘော အားကစားနည်း (၄) မျိုးနှင့် ဖွင့်လှစ်ပြီး
သင်တန်းသား/သင်တန်းသူ (၃၂၅) ဦးဖြင့် (၂၃.၃.၂၀၁၅)ရက် နေ့မှ (၂၆.၃.၂၀၁၅) ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။


No comments:
Post a Comment