Monday, March 23, 2015

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပသော မြန်မာနိုင်ငံအတွင်း စက်မှုကဏ္ဍများ၌ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲသို့ ဒေါက်တာကိုကိုဦးတက်ရောက်


နေပြည်တော် မတ် ၂၃
သိပ္ပံနှင့်‌နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မတ် (၁၇) ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ လွှတ်တော် အဆောက်အဦ၌ ဂျပန်-မြန်မာလွှတ်တော် ကိုယ်စားလှယ်များ ချစ်ကြည်ရေးအသင်းနှင့် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှု အဖွဲ့တို့ပူးပေါင်း၍ ကျင်းပ သော မြန်မာနိုင်ငံအတွင်း စက်မှုကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှီးနှော ဖလှယ်ပွဲ (Symposium on Industrial Human Resource Development in Myanmar) သို့တက်ရောက်သည်။

အဆိုပါနှီးနှော ဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများ စတင်ခဲ့ သည်မှာ ၁၉၄၅ ခုနှစ် ကတည်းကပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီပေါင်း (၅၈၈) ခန့် လာရောက် လျက်ရှိ ပါကြောင်း၊ ဆက်လက်၍ လည်းရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဝင်ရောက်လာမည် ဟုလည်း မျှော်လင့် ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနအနေဖြင့်လည်း ဂျပန်နိုင်ငံအစိုးရ၊ ဂျပန်နိုင်ငံ ရှိကုမ္ပဏီများနှင့်‌ ပူးပေါင်း၍ တက္ကသိုလ်များ အဆင့်မြှင့်‌ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်‌ ပူးပေါင်း၍ အဆင့်မြင့်နည်းပညာ တက္ကသိုလ် များဖြစ်ကြသည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်တို့ရှိ အဓိကဌာနကြီး (၆) ခုမှ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ပညာသင် စေလွှတ်ရေးအပြင် လိုအပ်သောသင် ထောက်ကူနှင့် လက်တွေ့ လုပ်ငန်းသုံးပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့်‌ ကွန်ပျူတာတက္ကသိုလ်များသည် လာမည့်ဧပြီ လမှ စတင်၍ ပညာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ ရတော့မည် ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်‌နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်‌အညီ လိုအပ်လာမည့် ကျွမ်းကျင်လုပ်သားများနှင့်‌ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင် ရန် အတွက် စက်မှုလက်မှု သိပ္ပံများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများအား ဒေသတွင်းလုပ်သားဈေးကွက် လိုအပ်ချက်နှင့်‌ အညီ မွေးထုတ်ပေးနိုင်ရန်အတွက် တိုးချဲ့ဖွင့်‌လှစ်သွားရန် ဆောင်ရွက်လျက် ရှိသည့်အပြင် နည်းပညာ နှင့်‌ သက်ဆိုင်သည့် ဘာသာရပ်များအပြင် အခြားသော သက်မွေးပညာဘာသာရပ်များပါ လေ့ကျင့်သင်ကြား ပေးနိုင်မည့် Polytechnic School နှင့်‌ Polytechnic Institute များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စက်မှုအထက်တန်းကျောင်း (အောင်ဆန်း) တွင် ဂျပန်နိုင်ငံ အကူအညီဖြင့် ဂျပန်-မြန်မာ သက်မွေး ပညာသင်ကျောင်း ဖွင့်‌လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Ichiro Aisawa မှ မြန်မာ နိုင်ငံသည် အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲ မှုများစွာ ဆောင်ရွက်ခဲ့ပြီး ဂျပန်နိုင်ငံနှင့်လည်း ပိုမိုကောင်းမွန် ချစ်ကြည်သော ဆက်ဆံရေး ရှိခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်လာ စေရေးအတွက် အကူအညီများ ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက် စေရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဂျပန်-မြန်မာ သက်မွေး သင်တန်း ကျောင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လည်းပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေး အသင်းမှ တည်ခင်းဧည့်ခံသော ညစာစားပွဲ သို့ တက်ရောက်ခဲ့ပြီး အဆိုပါ ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်‌ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H. E. Mr. Fumio Kishida တို့မှ အမှာစကားပြောကြားသည်။ 

No comments:

Post a Comment