ခမောက်ကြီး၊ မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့
နယ်၊ ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်းမိုင်တိုင် အမှတ် (၄၉) အနီးတွင် မတ်လ၁၉ ရက်ည (၈)နာရီ
အချိန်ကကော့သောင်း-ဘုတ်ပြင်းခရီးသည်တင် မှန်လုံယာဉ် လမ်းဘေးချောက် အတွင်းထိုးကျမှု ဖြစ်စဉ်တစ်ခု
ဖြစ်ပွားသည်။
ဖြစ်စဉ်မှာကော့သောင်းမြို့မှ ဘုတ်ပြင်းမြို့သို့ ထွက်ခွာလာသည့်
ယာဉ်မောင်း ဦးမျိုး(ခ) မျိုးဇော်ဦးမောင်းနှင်၍ ခရီးသည် (၂၁)ဦး တင်ဆောင်လာသည့် အောင်စည်မင်းခရီးသည်တင်
မှန်လုံမော်တော်ကားသည်ကော့သောင်း- ဘုတ်ပြင်း လမ်းမိုင် တိုင် အမှတ်(၄၉) အနီးကုန်း ဆင်းတစ်ခုတွင်
ဝဲဘက်ရှေ့ ဘီးပေါက် ကာ အရှိန်မထိန်းနိုင်၍ လမ်းဘေးချောက် အတွင်းသို့ ထိုးကျခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်း ဦးမျိုး(ခ)မျိုးဇော်ဦးမှာ
ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး ယာဉ်နောက်လိုက် ကိုသားပု(ခ) ပုံးလုံးသည် ယာဉ်နောက်ဘီးဖြင့်ကြိတ်မိ
ကာနေရာတွင် ပွဲချင်းပြီးသေ ဆုံးသည်။ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် (၂၁) ဦးအနက် ရဟန်း
တစ်ပါးဦးခေါင်းထိရှ ၊ ယာခြေကျင်းဝတ် ဒဏ်ရာရရှိ သည်မှလွဲ၍ ကျန်ခရီးသည်များအနည်း အကျဉ်းထိခိုက်
ဒဏ်ရာရရှိသည်မှလွဲ၍ စိုးရိမ်ဖွယ်မရှိကြောင်းသိရသည်။
အခင်းဖြစ်ပွားရာသို့ အနီးအနားရှိအမှတ်(၅၉၂) ခြေမြန်တပ်ရင်းမှ
တပ်မတော်သားများ၊ ခမောက်ကြီးမြို့ ရဲတပ်ဖွဲ့နှင့် မြိုအုပ်ချုပ်ရေးအဖွဲ့ အစည်းများ
မှတာဝန် ရှိသူများ ရောက် ရှိပြီးဒဏ်ရာ ရခရီးသည်များအား တပ်မတော်မော်တော်ယာဉ် များဖြင့်
ဆေးရုံသို့ ပို့ဆောင်ပေးကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အားဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment