နေပြည်တော် မတ် ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီနှင့် ဒုတိယဝန်ကြီး
ဒေါက်တာ ဇော်မင်း အောင်တို့ဦးဆောင်၍ ယနေ့ နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး
အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် လာမည့်ဘဏ္ဍာရေးနှစ်၌ ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအသစ်နှင့်အညီ
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက်
လက်ရှိ ဆောင်ရွက် နေသော ပညာရေး လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား
လည်းကောင်း၊ ပညာရေးစီမံကိန်းများ အကောင်အထည်ဖော်မှု သင်ရိုးညွှန်း တမ်းအဆင့်မြှင့်တင်မှုဆိုင်ရာ
ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာအညွှန်း ကိန်းများအားလည်းကောင်း၊ အခြေခံ ပညာကျောင်းများနှင့်မြို့နယ်၊
ခရိုင် ရုံးများတွင်Database ခိုင်မာမှုရှိစေ ရေးနှင့် အမျိုးသားပညာရေးကဏ္ဍ (NESP) ငါးနှစ်စီမံကိန်းဆိုင်ရာ
ကိစ္စရပ်များကို လည်းကောင်း၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင် ရွက်
နိုင်ရေးနှင့် ဆရာအတတ်သင်ပညာရေး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်းဆွေးနွေး
မှာကြားသည်။
ဆက်လက်၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်ရှိ ပညာရေး
ဆိုင်ရာအုပ်ချုပ်မှု သင်တန်းကျောင်း၌ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးများအား
ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များကို သင်ကြားပို့ချ
ပေးနိုင်ရေး၊ ခရိုင်၊ မြို့နယ်ပညာရေး မှူးများအဆင့် သင်တန်းများ ပြီးစီးပါက အဆင့်လိုက်ပညာရေး
ဝန်ထမ်းများ၏ သင်တန်းများထပ်မံဖွင့်လှစ် ပို့ချနိုင်ရေးတို့အတွက် ကြိုတင်စီစဉ် ပြင်ဆင်ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment