နေပြည်တော် မတ် ၆
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား မှုထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိ စေရေးအတွက်
ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် နေပြည် တော် ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား
ကျန်းမာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းအောင်က
သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်း သိန်းဌေးနှင့် ဌာနဆိုင်ရာအသီးသီးမှ
တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊
ဆေးပညာဌာနနှင့် ကလေးဆေးပညာ ဌာနတို့မှ ပါမောက္ခ/ဌာနမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်
ကြသည်။
အစည်းအဝေးတွင် သဘာပတိ က ကူးစက်မြန်ရောဂါများဖြစ်သည့် ဆားစ် ရောဂါ၊ ကြက်ငှက်တုပ်ကွေး
ရောဂါ (H5N1)၊ (H7N9)၊ ကမ္ဘာ့ လူတုပ်ကွေးရောဂါ Pandemic H1N1(၂ဝဝ၉)၊ အရှေ့အလယ်ပိုင်း
ဒေသကူးစက်မြန် အဆုတ်ရောင် ရောဂါ (MERS Co-V)၊ အီဘိုလာ ဗိုင်းရပ်စ်ရောဂါများကို နိုင်ငံတွင်း
ကူးစက်ဝင်ရောက်မှု မရှိစေရေးနှင့် ကူးစက်ဝင်ရောက်ပါကလည်း စောစီး စွာ သိရှိတုံ့ပြန် ဆောင်ရွက်နိုင်ရေး၊
ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာ နိုင်ငံ၌ ကြက်ငှက် တုပ်ကွေးရောဂါ (H5N1) နှင့်ပတ်သက်၍ ရောဂါ ကုသကာကွယ် နှိမ်နင်းရေးလုပ်ငန်း
များကို ဆောင်ရွက် နိုင်ရန်အတွက် ကြက်ငှက် တုပ်ကွေး ရောဂါနှင့် ကမ္ဘာ့ လူတုပ်ကွေးရောဂါ
ကာကွယ်နှိမ်နင်းရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံ၌ မွေးမြူရေးကြက်ခြံ များ၌ ကြက်ငှက် တုပ်ကွေးရောဂါဖြစ် ပွားခဲ့မှုများနှင့်ပတ်သက်၍
ကျန်းမာ ရေးဝန်ကြီးဌာနမှ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့်
ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ် ကြက်၊ ငုံးမွေးမြူရေးဇုန်၌ ကြက် ငှက်တုပ်ကွေးရောဂါ
ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနနှင့် အခြားနှီးနွှယ်ဌာနများ ပူးပေါင်းပြီး အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်
လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ရောဂါဖြစ်ပွားနေသော ကြက် ငှက်များကို ကိုင်တွယ်သူများတွင်
ရောဂါဖြစ်ပွားမှုအခြေအနေစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းဆောင်ရွက် ခဲ့ရာ အဖျားလူနာလေးဦး
တွေ့ရှိခဲ့ ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ (H5N1) ရောဂါပိုးမတွေ့ရှိကြောင်း။
လိုအပ်သော ဆေးကုသမှုများ ပေးခဲ့ကြောင်း၊ ယခုအခါ အိန္ဒိယနိုင်ငံ ၌(H1N1) လူတုပ်ကွေးရောဂါဖြစ်ပွား
သူ ၃ဝဝဝဝ နှင့် သေဆုံးသူ ၉ဝဝ ကျော်ရှိရာ မုံရွာမြို့၌ လက်ရှိဖြစ် နေသော (H5N1) ကြက်ငှက်တုပ်ကွေး
ရောဂါနှင့် ပေါင်းစပ်၍ အသွင်ပြောင်း သွားပါက ရောဂါကူးစက်မှု မြန်ဆန် ပြင်းထန်သော ကမ္ဘာ့လူတုပ်ကွေး
ကပ်ရောဂါဖြစ်ပေါ်နိုင်သောကြောင့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ပိုမိုအားဖြည့်
ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး ပြဿနာများဖြစ်သော ကြက်ငှက်တုပ်ကွေး
ရောဂါအပါအဝင် ကူးစက်မြန်ရောဂါများ ကုသ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ရာတွင်
နှီးနွှယ်ဌာန များအားလုံး သတင်းအချက်အလက် ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို
ယခုထက်ပိုမိုပြီး အားဖြည့်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)
ဒေါက်တာစိုးလွင် ငြိမ်းက ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ထား ရှိမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေး စိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာ သောဌာနဆိုင်ရာ အကြီးအကဲများမှ ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်
ထိန်းချုပ် ရေးအတွက် ဝန်ကြီးဌာန အလိုက် ပူးပေါင်းဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များအား
ဆွေးနွေးခဲ့ ကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment