နေပြည်တော် မတ် ၁၂
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအုပ်စု ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်
အုပ်ချုပ်သူ မစ္စဟယ်လင်ကလပ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စ အီသရင်းကောစင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်တို့အကြား ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ အကြား ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုနှင့် ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော လူမှုအဖွဲ့အစည်းနှစ်ရပ်အတွင်း အခက်အခဲပြဿနာများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီနှင့် ဒုတိယဝန်ကြီးများ တက်ရောက် ကြသည်။

No comments:
Post a Comment