နေပြည်တော် မတ် ၁၇
ပါစင်ကျော်ကျေးရွာနှင့်
နယ်နိမိတ်မှတ်တိုင်အမှတ်၊၁၃၇ ဆက်သွယ်ထားသော ကားလမ်းအား စိုးမိုးထားသည့် ပွိုင့်-၁၄၆၈
တောင်ကုန်းနှင့် ပတ်ဝန်းကျင်ရှိ စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းအချို့အား တပ်မတော်
စစ်ကြောင်းများက မတ် ၁၆ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။
လောက်ကိုင်ဒေသအတွင်း
ပါစင်ကျော်ကျေးရွာမှ နယ်နိမိတ်မှတ်တိုင်အမှတ်၊ ၁၃၇ သို့သွားသော ကားလမ်းမြောက်ဘက်ရှိ
ကိုးကန့်သောင်းကျန်းသူအင်အားစုများ အခိုင်အမာ ခြေကုပ်ယူ ခံစစ်ပြင်ဆင်ထား သည့် ပွိုင့်-၁၄၆၈
တောင်ကုန်းနှင့် ပတ်ဝန်းကျင်ရှိ တောင်ကုန်း
များအား တပ်မတော်စစ်ကြောင်းများက မတ် ၁၆ ရက် မွန်းလွဲပိုင်းမှစတင်၍ လက်နက်ကြီး
ပစ်ကူရ ယူပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ကိုးကန့်
သောင်းကျန်းသူအင်အားစုများက မြေအနေအထား အသာစီးရယူ၍ ခံစစ်ကျင်းများ တူးကာ လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သား များ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကြောင့်
ည ၇ နာရီခန့်တွင် သောင်းကျန်းသူများ တောင့်ခံ နိုင်ခြင်းမရှိဘဲ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့
ဆုတ်ခွာသွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ပွိုင့်-၁၄၆၈ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ရှိ
တောင်ကုန်းအချို့အား သိမ်းပိုက် နိုင်ခဲ့သည်။
တချိန်တည်းတွင် ပွိုင့်-၁၄၆၈
တောင်ကုန်း၏မြောက်ဘက် တောင်ကုန်းများ၌ တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်း သူ
အင်အားစုများ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်
ကုန်းကြမ်းမြို့မြောက်ဘက်ရှိ လော်ကွာကျိုင်း ကျေးရွာ အရှေ့မြောက်ဘက် မာလုရွှေကျေးရွာ တစ်ဝိုက်
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းဆောင်ရွက်ခဲ့ရာ နေရာ(၃) နေရာတွင် ထိတွေ့တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်။ မာလုရွှေကျေးရွာအရှေ့မြောက်ဘက် တောင်ကုန်းတွင် ဖြန့်ခွဲနေရာယူ ထားသည့်
ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့မှာ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး မာလုရွှေကျေးရွာ
မြောက်ဘက်(၂)နေရာတွင် ဖြန့်ခွဲအခြေပြု၍ ခုခံလျက်ရှိသော သောင်းကျန်းသူများအား တပ်မတော်
စစ်ကြောင်းများက ဆက်လက်ထိန်းချုပ် တိုက်ခိုက် လျက်ရှိသည်။
ထို့အပြင် မတ် ၁၆
ရက် မွန်းလွဲပိုင်းတွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခိုအောင်း နေထိုင်ကြောင်း သတင်းအရ
လောက်ကိုင်မြို့အနီးရှိ အဆောက်အဦ တစ်လုံးအား တပ်မတော်စစ်ကြောင်းများက ဝင်ရောက် ရှင်းလင်းခဲ့ရာ
မြေအောက်ခန်း အတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၅ ကီလိုဂရမ် ၁ ထုပ် (ကာလတန်ဖိုး ကျပ် သိန်း ၁၀၀၀ ခန့်)၊ အဖြူရောင်
အက်ဖက်ဒရင်းအမှုန့် ၅.၇၅ ကီလိုဂရမ် ၁ ထုပ် (ကာလ တန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်) နှင့် အဝါရောင်အမှုန့်
၃၀၀ ဂရမ်ခန့်အား သိမ်းဆည်း ရမိခဲ့သည်။
အထက်ပါ တိုက်ပွဲဖြစ်စဉ်များတွင်
ကိုးကန့်သောင်းကျန်းသူများထံမှ MNDAA ယူနီဖောင်းဝတ် အလောင်း ၃ လောင်း၊ လက်နက်ငယ် ၂
လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်
၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့၍ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment