Tuesday, March 17, 2015

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ဒုတိယအသုတ် ရွေးချယ်ခံရသူများနှင့် တတိယအသုတ် ရွေးချယ်ခံ ရသူများ လူတွေ့ဖြေဆိုရမည့် နေ့ရက်ထုတ်ပြန်


နေပြည်တော် မတ် ၁၇
နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.myanmar-education.edu.mm တွင် ဖေဖော်ဝါရီ (၅) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ဒုတိယအသုတ် လူတွေ့ဖြေဆိုရန် ရွေးချယ်ခံရ  (၁၇၂) ဦးနှင့် မတ် (၁၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် တတိယ အသုတ် လူတွေ့ဖြေဆိုရန် ရွေးချယ်ခံရသူ (၅၆၄) ဦး၊ စုစုပေါင်း ရွေးချယ်ခံရသူ (၇၃၆) ဦးသည် ၂၀၁၅ ဧပြီ ၁ ရက်နေ့မှ စ၍ လူတွေ့ဖြေဆိုရမည်ဖြစ်သည်။

မွေးမြူရေးနှင့်ဆေးကုသရေး၊ စိုက်ပျိုးရေးနှင့် သစ်တောပညာရပ်များအတွက် လျှောက်ထားသူများသည် နေပြည်တော် (ရေဆင်း) ရှိ သက်ဆိုင်ရာတက္ကသိုလ်များတွင် ဖြေဆိုရမည်ဖြစ်ပြီး ကျန်ပညာရပ်များအတွက် လျှောက်ထားသူများသည် ရန်ကုန်မြို့၌ လူတွေ့ဖြေဆိုရမည် ဖြစ်သည်။
လူတွေ့ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအနက် နောက်ဆုံးအခြေအနေကိုဖော်ပြသည့် Updated အချက်အလက်များဖြည့်စွက်ထားသော ကိုယ်ရေးမှတ်တမ်းပုံစံကို scholarmm2015@gmail.com သို့ မပေးပို့ရသေးသူများအားလုံးသည် ၂၀၁၅ မတ် ၂၄ ရက်နေ့အရောက် pdf. format ဖြင့် အီးမေးပေးပို့ရန် လိုအပ်ပါသည်။
လူတွေ့ ဖြေဆိုရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်နှင့်ကြေညာချက်များကို (၂၅) ရက်နေ့မှ စတင်၍ www.myanmar-education.edu.mm Website တွင် ဖော်ပြမည်ဖြစ်ပြီး တစ်ဦးချင်းထံသို့ လည်း အီးမေးဖြင့် အကြောင်းကြားမည် ဖြစ်သည်။
လူတွေ့ဖြေဆိုရန် လာရောက်ချိန်တွင် -နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း၊ဘွဲ့လက်မှတ်မူရင်း၊ အမှတ် စာရင်းမူရင်း၊ မိမိ၏စိတ်ဝင်စားမှု၊ ပညာရေးရည်မှန်းချက်နှင့် ဘဝရှေ့ရေးအစီအစဉ်အကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော စာလုံးရေ ၄၅၀ ခန့် Scholarship Essay၊ နောက်ဆုံးအခြေအနေကို ဖြည့်‌စွက်ထားသော Updated ကိုယ်ရေးမှတ်တမ်း(၅)စုံတို့ကို တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ကြောင်းနှင့်

လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများကို ပညာသင်ဆုရွေးချယ်ရေးကော်မတီက နောက်တစ်ဆင့် ဆန်ခါတင် ရွေးချယ်၍ ဘာသာရပ်အလိုက် ထူးချွန်သူများကို နိုင်ငံတကာ တက္ကသိုလ်များသို့ လျှောက်ထားနိုင်ရေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment