Thursday, March 19, 2015

မြန်မာအက အခြေခံကဗျာလွတ်အက(ဒုတိယအဆင့်) ဗဟိုနည်းပြသင်တန်း အမှတ်(၁/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ





နေပြည်တော်  မတ်   ၁၉
မြန်မာအက အခြေခံ ကဗျာလွတ် (ဒုတိယအဆင့်) ဗဟိုနည်းပြ သင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် ယဉ်ကျေးမှု ၀န်ကြီးဌာန ယဉ်ကျေးမှု ရတနာ ခန်းမ၌ကျင်းပရာ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ တက်ရောက် အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်၊ ဒုတိယ၀န်ကြီး ဦးသန်းဆွေ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အဆိုပါသင်တန်းသည် မြန်မာအက များ စနစ်တကျရှိစေရန် မြန်မာအကတို့၏ အခြေခံဖြစ်သော ကဗျာလွတ် ကကွက်များ ကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းဖြစ်သကဲ့သို့ ယဉ်ကျေးမှုဝန်ကြီးဌာန အတွင်းမှာသာမက မြန်မာတစ်နိုင်ငံလုံး မြန်မာအကများ စနစ်တကျ မှန်မှန်ကန်ကန် ကခုန်နိုင်ကြစေရေးအတွက် ဆင့်ပွားသင်ကြားဖြန့်ဝေပေးနိုင်ရန် စသည့် ရွည်ရွယ်ချက် များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မှာကြားသည်။ အနုပညာဦးစီးဌာနနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ သင်တန်းသူ (၃၉)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်(၁၉)ရက်မှ (၂၅)ရက်ထိ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
           

No comments:

Post a Comment